ဗိုလ်ဗကို: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၂ -
စာရေးဆရာ၊ သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ ဗိုလ်ဗကိုအား ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် [[မန္တလေးမြို့]]၌ အဘ ဦးသန်းနှင့် အမိ ဒေါ်တင့်တို့မှ (ဦးသန့်+ဒေါ်ဝင့်)မွေးဖွားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီယံ ကျောင်းမှ ဆယ်တန်း အောင်မြင်သည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ (ဂုဏ်ထူးတန်း) ကို ပထမ အဆင့်ဖြင့် အောင်မြင်သည်။
 
ထို့နောက် [[ဗမာ့လွတ်လပ်ရေးတပ်မတော်|ဗမာ့ လွတ်လပ်ရေး တပ်မတော်]] သို့ ဝင်ရောက်ခဲ့ပြီး [[လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)|လွတ်လပ်ရေးကြိုးပမ်းမှု]] တွင် ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၁ ခုနှစ်တွင် ဗိုလ်မှူး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၅၀ ပြည်နှစ်တွင် ဇေယျကျော်ထင်ဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို ရရှိခဲ့သည်။
 
ထို့နောက် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် [[အမေရိကန်ပြည်ထောင်စု|အမေရိကန် ပြည်ထောင်စု]] ယေးလ်တက္ကသိုလ်(Yale) မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ စာပေဗိမာန် စာတည်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပသော ရုပ်ရှင်ပွဲတော်နှင့် အိန္ဒိယ သမ္မတနိုင်ငံတွင် ပြုလုပ်သော ယူနက်စကို သက်ကြီး စာပေ တတ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ရရှိခဲ့သည်။