ဩဘာသောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၁၀ -
ဩဘာသောင်းအငြိမ့် ကလေရာတွင် ကျောင်းသားများ၊ ကာလသားများ ဝိုင်း⁠ဝိုင်းလည်ခဲ့သည်အထိ စန်းထခဲ့သည်။ သို့ကြောင့်ပင် ဇာတ်မင်းသား ဖိုးစိန်ကြီးက မင်းသမီးကို အရူးအမူးဖြစ်နေကြသည့် လူငယ် များကို သတိပေးသောအနေဖြင့်ဇာတ်သမကို မခင်တွယ်ကြနဲ့ သဘင်သည် ဝေးရာကကြည့်ဆိုသည့် သီချင်း သီဆို၍ ဥက္ကာသေနမယ် ရူပဇာတ်ကို ကပြခဲ့ရသည်ဟု အဆိုရှိခဲ့သည်။
 
အဆစ်ကျဲကျဲ ကရာမှာ လေဘာတီမြရင် အကောင်းဆုံး၊ ဆစ်စိပ်စိပ် ကရာမှာ ဩဘာသောင်း အကောင်းဆုံးဟု အငြိမ့်သဘင်လောကတွင် ပြောစမှတ်ပြုခဲ့ရသည်။ မင်းသမီးမထွေးလေး၊ မင်္ဂလာ သိန်းညွန့်၊ မစံထား၊ မစံရှား၊ ဇာတ်မင်းသား ဦးစိန်အုပ် စသည် ထင်ရှားသောမင်းသား မင်းသမီးများ ရွာစားကြီး စိန်ဗေဒါ၊[[စိန်ဗေဒါ]]၊ အဆိုတော်ဆရာမှန် စသည့် ဂီတပညာရှင်များထံမှ အဆိုအကပညာများ သင်ယူခဲ့သည်။ ဩဘာသောင်း ကိုယ်တိုင် စန္ဒယား၊ ပတ္တလား၊ ဟွန်းတယောဂီတတူရိယာများ တီးနိုင်သူဖြစ်သည်။
 
ဖခင်ကြီးက ရုပ်သေးမင်းသမီးကြိုးဆွဲဆရာ ဆရာမှန်ကို အိမ်သို့ပင့်ဖိတ်ခေါ်ယူ သင်ကြားပေးသည်။ ဆရာမှန်၏ မင်းသမီးရုပ်ကို အတုယူကပြရာမှ ခြေလက်ခေါင်းခါး မင်းသမီးဂွင်အနေအထားတွင် လှပညက်ညောသူအဖြစ် နာမည်ကျော်ကြားခဲ့သည်။ အသက် ၃၈ နှစ်တွင် ခင်ပွန်းသည်၏ ဆန္ဒအရ အငြိမ့်လောကမှ အနားယူခဲ့ရသည်။
 
၁၉၅၃ ခုနှစ် မန္တလေးပန်တျာကျောင်း စတင်ဖွင့်လှစ်သည့်အခါ အကနည်းပြဆရာအဖြစ် တာဝန်ယူသင်ကြားခဲ့ရသည်။ ဒေါ်ဩဘာသောင်းသည် ကဗျာလွတ်အကကိုလည်း မင်းသား ရွှေဒေါင်းညို၊ စိန်လှမောင် တို့နှင့် ညှိနှိုင်းတိုင်ပင် တီထွင့်ခဲ့ရာ မြန်မာအကသမိုင်းတွင် မှတ်တမ်းတင်ခြင်း ခံရသည်အထိ အောင်မြင်ကျော်ကြားခဲ့သည်။

ကဗျာလွတ်မိခင်ကြီး [[ဝဏ္ဏကျော်ထင်ဘွဲ့|ဝဏ္ဏကျော်ထင်]] ဒေါ်ဩဘာသောင်းသည် ၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်သည်။<ref>စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈</ref>
 
==ကိုးကား==