မန္တလေးတောင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit |
||
စာကြောင်း ၆ -
== နာမည်ဖြစ်ပေါ်လာပုံ ==
ကကုသံဘုရားရှင် လက်ထက်က ခီဏာသဝပူရတောင် ဟုခေါ်သည်။ ကောဏာဂုံဘုရားရှင် လက်ထက်က ဝေလာမပူရတောင် ဟုခေါ်သည်။ ကဿပဘုရားရှင်လက်ထက်တော်က ပါဒဿပူရတောင် ဟုခေါ်သည်။
ဂေါတမဘုရားရှင်တော် လက်ထက်၌ မဏ္ဍလတောင် ဟုခေါ်ကြသည်။
ဂေါတမ ဘုရားအလောင်းတော်သည် [[ပါရမီ]]မရင့်မီ အတိတ်ဘဝနုစဉ်အခါက ဆင်မင်းဘဝ၊ ခြင်္သေ့မင်းဘဝ၊ ဆတ်မင်ဘဝ၊ ဖွတ်မင်းဘဝ၊ ကြက်မင်းဘဝ၊ ငုံးမင်းဘဝ၊ မုဆိုးသားဘဝ အားဖြင့် ဤမန္တလေးတောင်အနားတစ်ဝိုက်တွင် ဖြစ်ခဲ့ဘူးသည်။
ဘုရားဖြစ်တော်မူသောအခါ ညီတော်[[အာနန္ဒာ]]နှင့် ဤမန္တလေးတောင်ထိပ်သို့ ကြွရောက်တော် မူလာရာ၌
ထိုအခါ- စန္ဒမုခိ အမည်ရှိသော နတ်ဘီလူးမသည် ဘုရားရှင်ကို လွန်စွာ ကြည်ညိုြခင်း သဒ္ဓါတရားရှိလှသဖြင့် ဒါနဥပ ပါရမီထိုက်သော မိမိ၏ ရင်သားမြတ်ကို လှီးဖြတ်၍ လှူဒါန်းလေရာ ဘုရားရှင်က ပြုံးတော်မူ၏။
<ref> ဒက္ခိဏာရာမ-ဘုရားကြီး၊ ဆရာ စိုးမြတ်လင်း စုဆောင်းရေးသားသည့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရတနာပုံ-မန္တလေးမြို့ နှင့် မြို့ရွာဒေသအသီးသီးတို့၌ ထင်ရှားကျော်စောတော်မူသော တန်ခိုးကြီးဘုရားများသမိုင်း၊ စာ-၅</ref>
မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ ဘုရားအလောင်း ငါးရံ့မင်းသည် ထိုမှ အန္တရာယ်ကင်းရာသို့ မှန်း၍ ကူးခတ်ပြေးခဲ့ရသောတောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။
မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုးကျောင်းဆောင်များ တည်ရှိနေသောကြောင့်
|