အေမာမ်ဟိုစိုင်း(န)(အ.စ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၅၇ -
== ဗိမ္မာန်တော် ==
အေမာမ်ဟိုစိုင်းန်(အ.စ)၏မြှုပ်နှံရာဒေသတို့နှင့်ပတ်သက်ပြီး ရေဝါယသ်အမျိုးမျိုးရှိထားလေသည်။အချို့ဆိုထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)ဖခင်၏ဘေးတွင်မြှုပ်နှံခဲ့သည်ဟု ဆိုထားကြသော်လည်း အချို့ကမူ ကရ်ဘလာတွင် ခန္ဓာကိုယ်နှင့်ဦးခေါင်းတွဲ၍ မြှုပ်ထားသည်ဟု ဆိုထားကြလေသည်။သို့သော်အချို့သည် ဂျန္နသွလ်ဘကီးဟ် သင်္ချိုင်းတွင်၊အချို့က ဒမစ်ကစ်မြို့တွင်(နေရာအတိအကျမသိ)မြှုပ်နှံထားကြောင်း ဖေါ်ပြထားကြသည်။ အချို့ကလည်း ဆီးရီးယားနိုင်ငံ၏တစ်နေရာတွင်လည်းကောင်း အချို့သည် ဖါတေမီအနွယ်ဝင်တို့မှ ကာဟေရာဒေသသို့သယ်ဆောင်သွား၍ မို့ဟ်စင်န်နွလ်အမီးန်ဗလီဝတ်ကျောင်းတော်တွင်မြှုပ်နှံခဲ့ကြောင်းနှင့် ထိုဗလီသည် အေမာမ်ဟိုစိုင်းန်(အ.စ)အားအစွဲပြု၍ ခေါ်ခြင်းဖြစ်ကြောင်း တင်ပြထားလေသည်။
 
= အာရှူရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားများ =
အာရှူရာအခင်းပြီးနောက်ပိုင်း များမကြာမီကာလတွင် အေမာမ်ဟိုစိုင်းန်(အ.စ)၏ဗိမ္မာန်တော်ကို အဦးဆုံးလာရောက်ဖူးမြှော်၍ ဝမ်းနည်းခြင်းအခမ်းအနားကျင်းပခဲ့ကြလေသည်။ မိုအီဇ်ဇွလ်ဒေါင်လာဟ်သည် ဘူဝါဟ်အနွယ်ဝင်များကြီးစိုးအုပ်ချုပ်နေသော ကာလတွင် ဘဂ်ဒါးဒ်မြို့၌ အာရှူရာအခမ်းအနားကို စတင်ကျင်းပခဲ့လေသည်။(ထို့ကြောင့် စွန္နီများဘက်မှလည်း ထိုအခမ်းအနားနှင့်ဆန့်ကျင်သော ပွဲလမ်းသဘင်များကို နှစ်ပေါင်းများစွာ ကျင်းပလာခဲ့ကြသည်)အီဂျစ်ကိုအုပ်ချုပ်သော ဘုရင် ဖှာသွေမီ မှလည်း အေမာမ်ဟိုစိုင်းန်(အ.စ)အပေါ်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားများကိုကျင်းပခဲ့လေသည်။ အာရှူရာအခမ်းအနားသည် စလ်ဂျူကီယားန်တို့ အုပ်စိုးစဥ်ကာလများ၌ ပိုမိုမြိုင်စိုင်လာခဲ့ပြီး ပါဝင်သက်ရောက်သူဦးရေ အမြောက်အများဖြစ်လာခဲ့လေသည်။ထို့နောက် ရှီအာအိစ်နာအရှရီယာ စဖဝီမင်းဆက်တို့၏ ပံ့ပိုးကူညီမှုများဖြင့် တစ်ကမ္ဘာလုံးတွင် မိုဟရမ်ပထမ(၁၀)ရက်၌ ဝမ်းနည်းကျေကွဲသည့်အခမ်းအနားများကျင်းပလာခဲ့ကြသည်။(သို့သော် စဖဝီမင်းဆက်မတိုင်မီခေတ်ကာလများတွင် ထိုသို့(၁၀)ရက်တိုင်တိုင်ကျင်းပလေ့မရှိခဲ့ပါ) ထိုသို့သောအခမ်းအနားများတွင် ထည့်သွင်းပြုလုပ်လေ့ရှိသောအစီအစဥ်များမှာ
 
(၁) ဗလီကျောင်း၊သာသနာ့အဆောက်အဦးနှင့်အများနှင့် သက်ဆိုင်သော နေရာများကရ်ဘလာဖြစ်စဥ်သမိုင်းအကြောင်းဟောပြောခြင်း
 
(၂)ထမ်းစင်သဏ္ဍာန်ပြုလုပ်၍ လူအများမှ (အလောင်းတော်သယ်ဆောင်လာသည်ဟု သဘောဖြင့်)အများနှင့်သက်ဆိုင်သောနေရာများတွင် ထမ်း၍သယ်ဆောင်သွားကြခြင်း၊ အလံများသယ်ဆောင်ကြခြင်း၊အလံများစိုက်ထူကြခြင်းစသည်တို့ဖြစ်သည်။
 
= အေမာဟိုစိုင်းန်(အ.စ)နှင့်ပတ်သက်၍ရေးသားထားသောစာအုပ်များ =
အေမာမ်ဟိုစိုင်းန်(အ.စ)နှင့်အာရှူရာတို့နှင့်ပတ်သက်ပြီး အီရန်နိုင်ငံသားရှီအာများမှလည်းကောင်း၊အခြားနိုင်ငံသားရှီအာတို့မှလည်းကောင်းထို့အပြင် စွန္နီများမှလည်းကောင်း အုပ်ရေပေါင်းထောင်နှင့်ချီ၍ ရေးသားခဲ့ကြပြီးဖြစ်လေသည်။သို့ပေမဲ့လည်း ရေးသားထားသောအချို့စာအုပ်နှင့်ကျမ်းများကိုသာအောက်တွင်ဖေါ်ပြပေးထားပါသည်။
 
·        Dar Karbala Chi Ghozashat (Haj Sheak Abbas Qomi)
 
·        Par tu ye azz Azamat-t-Husayan(A.s) (Lut fullah Safi Gulpaigany)
 
·        Eibarat ha ye Arshura (Syed Ahmad Khatami)
 
·        Cha ra ha ye Humase Arshura (Muhammad Baqar Puramine)
 
·        Jam me Eibarat (Syed Husayan Ishaqi)
 
·        Shaheed –e-Jaweed (Sawalehe Najaf Arbadi)
 
·        Shaheed-e-Zindah(Ali Shariati)
 
·        Peshawaye-e-Shahedaan(Syed Reza Sadr)
 
·        Thareef ha ye Arshura(Murtaza Mutahari)
 
·        Unsur-e-Shujaatt (7 volum) (Mirza Khaleel Kuraei)
 
·        Samu al zaat fi Samu al maena(Abdullah Alayee) (sunni)
 
== یادداشت‌ها ==