ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး (GR) File renamed: File:Izaya Dangyi.jpgFile:Kinwun Mingyi portrait.jpg Criterion 3 (obvious error) · Incorrect label, portrait of Kinwun Mingyi
အရေးမကြီးNo edit summary
စာကြောင်း ၄၆ -
သက္ကရာဇ် ၁၂၂၂-ခုနှစ်အတွင်းတွင်လည်း အမိန့်တော်မြတ်အရပင် “အထူးထူးသောတိုင်းကြီးပြည် ကြီး”ချီ “စိတ္တုပက္ကိလေသ-စာတမ်း” ကို ရေးသားဆက်သွင်းပေသေး၏။ ပြီးမှတဖန် ထိုနှစ်အတွင်းမှာပင် ထို “စိတ္တုပက္ကိလေသ-စာတမ်း” ကို သူခပ်သိမ်းတို့ လွယ်လင့်တကူ မှတ်ယူနိုင်ကြစေခြင်းအလို့ငှာ အမိန့်တော်မြတ်အရပင်လျှင် “ကြားစိမ့်သိလော့”ချီ “ဓမ္မောဇမော်ကွန်း” ကိုရေးသားတင်သွင်းရပေသည်။
 
သို့အလုံမြို့ဝန်အရာနှင့်[[အလုံတပ်မြို့|အလုံမြို့]]ဝန်အရာနှင့် ထမ်းရွက်ရစဉ်အတွင်း မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၆-ခုနှစ်တွင် ရတနာပုံရွှေမြို့တော်သူ ရွှေမြို့တော်သားတို့ နွေမိုးမပြတ် သုံးရေသောက်ရေ အလိုရှိသမျှ ရနိုင်ကြစေခြင်း အလို့ငှာ မတ္တရာမြို့အထက် နဂါးရစ်မြစ်ကသည် ရွှေမြို့တော်အရောက် “ရတနာနဒီ” မြစ်တော်ကို ဖောက်လုပ်စေရာတွင် အမိန့်တော်မြတ်အရပင် “ကြားပိမ့်မင်္ဂလာ” ချီ “ရတနာနဒီမြစ်တော်ဖွဲ့မော်ကွန်း” ကိုရေးသား ဆက်သွင်းသည်။
 
ထို “ရတနာနဒီ မြစ်တော်ဖွဲ့မော်ကွန်း” ကို ရေးသားဆက်သွင်းသည့်နှစ် သက္ကရာဇ် ၁၂၂၆-ခုနှစ်အတွင်း တောင်ငူ-ရမည်းသင်း သစ်တောများတွင် သစ် အလုပ် အဆောင်နေရာမကျ၍ အခွန်ဘဏ္ဍာတော်ယုတ်လျော့ခြင်း ရှိသည်နှင့် “မဟာမင်းကျော်စည်သူ” ဘွဲ့ခံ ဦးကောင်းအား အလုံမြို့ဝန်အရာမှပြောင်း၍ လွှတ်တော်စာရေးကြီးဘဝသို့ ပြန်လည် ခန့်တော်မူသည့်အပြင် သက္ကရာဇ် ၁၂၂၇-ခုနှစ်အတွင်းမှာလည်း လွှတ်တော်စာရေးကြီး အရာရင်းတွင် တောင်ငူ-ရမည်းသင်း ၂-မြို့ အခွန်ဝန်အရာ ထပ်မံ ခန့်ထားတော်မူသည်။