စာမျက်နှာကို ဗလာလုပ်လိုက်သည်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
''"နာမည်"''
 
''ကျွန်တော့်သားက မေးတယ်။''
 
''ကြယ်တွေမှာ''
 
''နာမည်ရှိသလား ဖေဖေ" တဲ့။''
 
''မြစ်ကမ်းနဖူးမှာ''
 
''ထိုင်တဲ့ည''
 
''သားက''
 
''ကောင်းကင်ကို ငုံ့ကြည့်နေတယ်။''
 
''ကျွန်တော်က''
 
''ကြယ်တွေ တလက်လက်ထ''
 
''ရေစီးထဲ ငေးလို့။''
 
''အေး ... မတော်တဲ့ ကြယ်တွေမှာ''
 
''နာမည်မရှိဘူး''
 
''တော်တဲ့ ကြယ်တွေကျတော့''
 
''..........''
 
''...........''
 
''...........''
 
''အဲ့ဒီလို''
 
''ကြယ်တစ်လုံးချင်းစီရဲ့ နာမည်''
 
''ကျွန်တော်ပြောပြ။''
 
''ဖေဖေ ဒါဆိုရင်''
 
''ကမ္ဘာပေါ်မှာ''
 
''သားနာမည်နဲ့ကြယ်လည်း''
 
''ရှိမှာပေါ့နော်''
 
''ကျွန်တော့်သားကို ပြုံးကြည့်ခေါင်းညိတ်ပြတော့''
 
''သားက ပျော်သွားပြီး''
 
''ကျွန်တော့မျက်လုံးထဲမှာ''
 
''သူ့နာမည်နဲ့ကြယ်ကို ရှာတွေ့သွားတယ်။''
 
''သားက ဖအေထက်''
 
''ပိုပြီးတော်ရမယ် မဟုတ်လား။''
 
''ကျွန်တော်က သားကိုထမ်းလို့''
 
''ကျွန်တော့ကို မြစ်ကမ်းပါးကထမ်းလို့''
 
''အိမ်ပြန်လာတဲ့လမ်းမှာ''
 
''ခေတ်ကလည်း စီးတုန်းပါ။''
 
''ဖအေနဲ့သား''
 
''လွမ်းမိတဲ့ တရားမှာ''
 
''နာမည်တွေလည်း စီးဆင်းနေတုန်းပေါ့။ ။''
 
''နာမည်" - အောင်ဝေး ("လရောင်တစ်ခြမ်း" စာအုပ်မှ)''
 
 
== Capital of Asian Country ==
* [[ဘီရှကက်မြို့]]
* [[အာစတာနာမြို့]]
* [[ကူဝိတ်မြို့]]
* [[တဘီလီဆီမြို့]]
* [[အမ်မန်မြို့]]
* [[နီကိုဆီးယားမြို့]]
* [[ရီယာ့ဒ်မြို့]]
* [[အက်ရှ်ဂဘတ်မြို့]]
* [[ဒူရှန်ဘဲမြို့]]
* [[ခတ္တမန္ဒူမြို့]]
* [[မာနာမာမြို့]]
* [[မာလီမြို့]]
* [[သီရိ ဂျာယာဝါဒန္ဒပူရ ကိုတဲမြို့]]
* [[ဘာကူးမြို့]]
* [[ယေရေဗန်မြို့]]
* [[မက်စကတ်မြို့]]
* [[တရှကင်မြို့]]