"လွင်၊ ဦး" ၏ တည်းဖြတ်မှု မူကွဲများ

၅ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Bot: Converting bare references, using ref names to avoid duplicates, see FAQ)
အရေးမကြီး
'''ဦးလွင်''' (၂၂ အောက်တိုဘာ ၁၉၂၄ – ၆ ဒီဇင်ဘာ ၂၀၁၁) သည် မြန်မာ့[[တပ်မတော်]]တွင် ဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။
 
ဦးလွင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိဒေါ်သိန်း တို့မှ [[ရန်ကုန်မြို့]] တွင် မွေးဖွားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၊ [[ဗမာ့ကာကွယ်ရေးတပ်မတော်]] နှင့် [[ဗမာ့မျိုးချစ်တပ်မတော်]] တို့တွင် ပါဝင်ခဲ့ပါသည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ပထမပတ်သင်တန်း ဗိုလ်သင်တန်းဆင်းဖြစ်ကာ [[ဂျပန်နိုင်ငံ]] ဘုရင့်တပ်မတော် [[စစ်တက္ကသိုလ်]]ဆင်း တစ်ဦးလည်း ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း [[သနက]](၅)၊ အမှတ်(၇) ခြေလျင်တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ (၁၀၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
 
၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကာလများတွင် အဆင့်မြင့်စစ်သင်တန်းများကို [[အင်္ဂလန်နိုင်ငံ]] စစ်တက္ကသိုလ်များသို့ သွားရောက်သင်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် [[အမေရိကန်နိုင်ငံ]]၌ [[စစ်သံမှူး]]အဖြစ်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်း မှူးအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရတခတိုင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းဝန်ကြီးဌာန]]၏ ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၇၁ ခု နှစ်နောက်ပိုင်းတွင် [[စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန]] ၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အနားယူခဲ့သည်။
၁၉၂၉

တည်းဖြတ်မှုများ