လွင်၊ ဦး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၄၈ -
ဦးလွင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိဒေါ်သိန်း တို့မှ [[ရန်ကုန်မြို့]] တွင် မွေးဖွားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၊ [[ဗမာ့ကာကွယ်ရေးတပ်မတော်]]နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင် ပါဝင်ခဲ့ပါသည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ပထမပတ်သင်တန်း ဗိုလ်သင်တန်းဆင်းဖြစ်ကာ [[ဂျပန်နိုင်ငံ]] ဘုရင့်တပ်မတော် [[စစ်တက္ကသိုလ်]]ဆင်း တစ်ဦးလည်း ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း သနက(၅)၊ အမှတ်(၇) ခြေလျင်တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ (၁၀၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကာလများတွင် အဆင့်မြင့်စစ်သင်တန်းများကို [[အင်္ဂလန်နိုင်ငံ]] စစ်တက္ကသိုလ်များသို့ သွားရောက်သင်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် [[အမေရိကန်နိုင်ငံ]]၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင် ဘဏ္ဍာရေးမှူး အဖြစ်တာဝန်ယူခဲ့ပြီး [[ဒေါ်အောင်ဆန်းစုကြည်]] ထိန်းသိမ်းခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန် ဆက်လက်ပေးခံခဲ့ရသည်။
|