လွင်၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၄ -
| url =
}}
'''ဦးလွင်''' (၂၂ အောက်တိုဘာ ၁၉၂၄ – ၆ ဒီဇင်ဘာ ၂၀၁၁) သည် မြန်မာ့[[တပ်မတော်]]တွင် ဗိုလ်မှူးကြီး အဖြစ်ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။
 
ဦးလွင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိဒေါ်သိန်း တို့မှ [[ရန်ကုန်မြို့]] တွင် မွေးဖွားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၊ [[ဗမာ့ကာကွယ်ရေးတပ်မတော်]]နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင် ပါဝင်ခဲ့ပါသည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ပထမပတ်သင်တန်း ဗိုလ်သင်တန်းဆင်းဖြစ်ကာ [[ဂျပန်နိုင်ငံ]] ဘုရင့်တပ်မတော် [[စစ်တက္ကသိုလ်]]ဆင်း တစ်ဦးလည်း ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း သနက(၅)၊ အမှတ်(၇) ခြေလျင်တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ (၁၀၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
 
၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကာလများတွင် အဆင့်မြင့်စစ်သင်တန်းများကို [[အင်္ဂလန်နိုင်ငံ]] စစ်တက္ကသိုလ်များသို့ သွားရောက်သင်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် [[အမေရိကန်နိုင်ငံ]]၌ စစ်သံမှူးအဖြစ်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်း မှူးအဖြစ်လည်းကောင်း၊ဒုတိယတိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရတခတိုင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၇၁ ခု နှစ်နောက်ပိုင်းတွင်ခုနှစ်နောက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် အဖြစ်လည်းကောင်းဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အနားယူခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင် ဘဏ္ဍာရေးမှူး အဖြစ်တာဝန်ယူခဲ့ပြီး [[ဒေါ်အောင်ဆန်းစုကြည်]] ထိန်းသိမ်းခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တွင်ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သောပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်အတွင်းရေးမှူးအဖြစ်တာဝန် ဆက်လက်ပေးခံခဲ့ရသည်။
 
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်သည်။