ဘိုးလှိုင်၊ ဦး(ယောမင်းကြီး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁၀၁ -
 
== ကွယ်လွန်ချိန် ==
ဦးဘိုးလှိုင်သည် အသက် ၅၄ နှစ်အရွယ်၊ ၁၂၄၅ ခုတွင်ခု၊ ကွယ်လွန်သည်။ဝါခေါင်လဆုတ် ၈-ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခါနီး တစ်လခန့်အလိုတွင် သူ၏ ငယ်သူငယ်ချင်း ဦးတူကို အိမ်သို့ ခေါ်ထားသည်။ သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြသည်။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးကြသည်။ ရွတ်ဖတ်သရဇ္ဈာယ် ပြုကြသည်။ ယင်းသို့ ပြုရင်းပင် ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိ။ အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်။ သူကွယ်လွန်သည်မှာ ကာလကြာပြီး ဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊ သူ့စိတ်ဓာတ်၊ သူကြိုးပမ်းချက်တို့ကား မကွယ်ပေ။ ယနေ့တိုင် ရှင်သန်ဆဲပင် ဖြစ်ပေသည်။
<ref>http://wikimyanmar.co.cc/wiki/index.php?title=%E1%80%B1%E1%80%9A%E1%80%AC%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%81%BE%E1%80%80%E1%80%AE%E1%80%B8_%E1%80%A6%E1%80%B8%E1%80%98%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%AD%E1%82%88%E1%80%84%E1%80%B9</ref>
<ref>ဆရာမင်းယုဝေ ရေးသားသော ပထမ မြန်မာများစာအုပ်။ နှာ-၁၈</ref>
==အုတ်ဂူဗိမာန်==
ယောမင်းကြီး ဦးဖိုးလှိုင် အုတ်ဂူဗိမာန်နှင့် ပုံတူ အင်္ဂတေရုပ်တုကြီးကို မန္တလေးမြို့၊ မင်းတဲအီကင်းရပ်၊ ၂၂-လမ်း(ပင်းယလမ်း) ကျွဲစွန်းဆိပ်နှင့် သီရိမင်္ဂလာအိမ်ရာ စီမံကိန်းတိုက်တန်းကြားတွင် တွေ့နိုင်ပါသည်။ ဂူဗိမာန်ထဲတွင် ယောမင်းကြီး၏ အုတ်ဂူနှင့် မိသားစုအနွယ် အုတ်ဂူများပါ တစ်စုတစ်ဝေးတည်း တည်ရှိသည်။ <ref>မန္တလေးနေ့စဉ်၊ ၂၆-၁၀-၂၀၁၈၊ စာ-၂၀</ref>
 
== ကိုးကား ==