မောင်သာရ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →မောင်သာရ (၁၉၃၁-၂၀၁၆) |
|||
စာကြောင်း ၉ -
၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် [[ဖဆပလ]]အစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။
၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း [[ရှုမဝ ရုပ်စုံမဂ္ဂဇင်း|ရှုမဝမဂ္ဂဇင်း]]မှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးသမားများနှင့်အတူ စာရေးဆရာများ ဖြစ်ကြသော [[ဗန်းမော်တင်အောင်]]၊ [[သခင်မြသန်း]]နှင့် [[မြသန်းတင့်]] တို့ကိုပါ ဖမ်းဆီးပြီး [[ကိုကိုးကျွန်း]] (တကျွန်းအကျဉ်းထောင်) ပို့သည့်အခါ အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည်။ ထို့နောက် အကြောင်းကြောင်းကြောင့် နိုင်ငံရေးကို စိတ်ကုန်စွန့်လွှတ်ပြီး စာပေနယ်ထဲ၌သာ ကျင်လည်နေခဲ့သည်။
|