"ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး" ၏ တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
{{Main|Wikipedia:ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ|Wikipedia:Avoiding common mistakes}}
 
; သင့်ကိုယ်သင်အကြောင်း၊ သင့်သူငယ်ချင်းများ၊ သင်၏ဝက်ဘ်ဆိုဒ်၊ သင်ပါဝင်သော အစုအဖွဲ့၊ သင်၏ ဆရာ၊ သင်ရေးသားသော ပုံပြင်များ စသည့် ဆောင်းပါးများ။ : ''သင်''သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်ရန် ထိုက်တန်သည်ဟု ယူဆပါက အခြားသူတစ်ယောက်မှ သင့်အကြောင်း ဆောင်းပါးကို ရေးသားပါစေ။ သင်၏သူငယ်ချင်းများအကြောင်းကို စွယ်စုံကျမ်းတစ်ခုတွင် ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာ သို့မဟုတ် အပျင်းပြေဖွယ်ရာ ဟာသအနေဖြစ်သော်လည်း ထိုသို့သော ဆောင်းပါးများသည် [[Wikipedia:Articles for deletion|ဖယ်ရှားခြင်း]]ခံရနိုင်သည်။ ဤအခြေအနေသည် နာကျင်ဖွယ်ရာဖြစ်ပြီး ဆောင်းပါးကို ထပ်မံဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးစားပါက သင်သည်လည်း တည်းဖြတ်ခြင်းကို [[Wikipedia: Blocking Policy|ပိတ်ပင်ခြင်း]]ခံရနိုင်သည်။ ထိုအခြေအနေများကို သင့်၏ အမျှော်အမြင်ဖြင့် ရှောင်ကျဉ်နိုင်ပါသည်။ရှောင်ကြဉ်နိုင်ပါသည်။ သင်သည် အမှန်တကယ် ထင်ရှားအရေးပါပြီး ဘက်မလိုက်စေရန် နှိမ့်ချမှုလုံလောက်စွာရှိပါက ဆောင်းပါးသည် ကျန်ရှိနိုင်ပါသည်။ သို့သော် စာကြမ်းရေးသားတင်သွင်းပြီး သဘောတူခွင့်ပြုချက်နှင့် လူထု၏ [[WP:CONSENSUS|အများဆန္ဒ]] တောင်းခံခြင်းက သည်အတိုင်းရေးသားတင်လိုက်သည်ထက် ပိုမိုကောင်းမွန်ပါသည်။
; ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ : လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော [[Wikipedia:ထင်ရှားအရေးပါမှု|အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ]] ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ [[Wikipedia:ထင်ရှားအရေးပါမှု|ထင်ရှားအရေးပါမှု]] မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ''ခေါင်းစဉ်တိုင်း'' ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ [[WP:SPEEDY|အလျင်အမြန် ဖျက်ပစ်ခြင်း]] မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ''ကျေးဇူးပြု၍'' စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် [[WP:NOT|လမ်းညွှန်စာအုပ် မဟုတ်ပါ]]။
; ကြော်ငြာခြင်း : ကျေးဇူးပြု၍ [[Wikipedia:spam|သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း]] မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင် [[:en:Kleenex|Kleenex]] သို့မဟုတ် [[:en:Sharpie (marker)|Sharpie]]s ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် [[:en:McDonald's|McDonald's]] ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက [[:en:Wikipedia:Neutral point of view|ဘက်မလိုက်သော အမြင်]]ဖြင့် ရေးသားရန် သတိပြုပါ။
၂၃၄၅၃

တည်းဖြတ်မှုများ