ဘီရှကက်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၈၀ -
 
=== ဆိုဗီယက်ခေတ် ===
၁၉၂၆ ခုနှစ်တွင် မြို့အား ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံ၏ မြို့တော်အဖြစ် တိုးမြှင့်ခဲ့ပြီး ၁၉၀၅၊ ၁၉၁၇ တော်လှန်ရေးကာလအတွင်းနှင့် ၁၉၂၀ ခုနှစ်များ အစောပိုင်း ရုရှားပြည်တွင်းစစ်ကာလတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည့်အပြင် လီနင်နှင့်နီးစပ်သော ပီရှကက်မြို့သား မီခေးလ် ဖရန်ဇယ်အား အစွဲပြု၍ ထိုမြို့အား ဖရန်ဇယ်မြို့ဟု ခေါ်တွင်စေခဲ့သည်။
 
=== လွတ်လပ်ရေးခေတ် ===
၁၉၉၀ ခုနှစ်အစောပိုင်းကာလများသည် ဝရုန်သုန်းကားဖြစ်သော ကာလကြီး ဖြစ်သည်။ ၁၉၉၀ ခုနှစ် ဇွန်လအတွင်း ကာဂျစ္စတန်နိုင်ငံတောင်ပိုင်းရှိ ပြင်းထန်သော လူမျိုးစု အရေးအခင်းများသည် မြို့တော်ထိ ပျံနှံ ခြိမ်းခြောက်လျက်ရှိခဲ့သဖြင့် နိုင်ငံတော်အရေးကြီးကာလအဖြစ် ကြေငြာခဲ့ရသည်။ မြို့တော်အမည်အား ၁၉၉၁ ခုနှဏ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘီရှကက်မြို့ဟု ပြောင်းလဲခဲ့ပြီး ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ ကာဂျစ္စတန်နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးမရမီကာလက မြို့တော် ဘီရှကက်၏ အဓိကလူဦးရေမှာ ရုရှားလူမျိုးများ ဖြစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်သို့ ရောက်သောအခါ မြို့တော်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်တော့ပြီး ၂၀၁၁ ခုနှစ် ၇–၈ ရာခိုင်နှုန်းခံသာ ရှိတော့သည်။
 
ယနေ့ခေတ် ဘီရှကက်မြို့သည် များစွာသော စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ခေတ်မီမြို့တစ်မြို့အဖြစ်သို့ ရောက်ရှိနေပြီး ဥရောပနှင့် ဂျပန် တပတ်ရစ်ကားများသည် မြို့တော်၏ လမ်းမများပေါ်တွင် ဥဒဟို သွားလာနေကြသည်။ သို့သော လမ်းမများနှင့် ပလက်ဖောင်းစင်္ကြများသည် ၁၉၉၀ ခုနှစ်များကတည်း တာရှည်စွာ ပြုပြင်မှုမရှိသဖြင့် ယိုယွင်းနေပြီ ဖြစ်သည်။
 
==ကိုးကား==