အုန်းမှန်ကူ: တည်းဖြတ်မှု မူကွဲများ

မြန်မာ့ ရိုးရာ အစားအစာ
"အုန္းမွန္ကူ သည..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၃:၀၆၊ ၆ နိုဝင်ဘာ ၂၀၁၈ ရက်နေ့က မူ

အုန်းမှန်ကူ သည် မြန်မာ့ရိုးရာ သရေစာမုန့်မှာ ယနေ့တိုင် လူတိုင်း နှစ်ခြိုက်စွာ ပြုလုပ် စားသုံးနေကြသည့် သရေစာမုန့်တစ်မျိုးဖြစ်သည်။ အုန်းမှန်ကူမုန့်ကို ထမင်းစားပြီးချိန်တွင် အချိုတည်းသော မုန့်အဖြစ် လည်းကောင်း၊ နေ့လယ်ပိုင်းအချိန်တွင် ကော်ဖီနှင့်တွဲဖက်စားသော သရေစာမုန့်အဖြစ် လည်းကောင်း စားသုံးကြသည်။ ထို့ပြင် အုန်းမှန်ကူမုန့်သည် အာရှနှင့် ဥရောပနိုင်ငံတချို့မှ အုန်းသီးဖြင့်ပြုလုပ်သော မုန့်များနှင့် ပုံစံဆင်တူသောကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံးစားသုံးသော မြန်မာမုန့် တစ်မျိုးလည်းဖြစ်သည်။ [၁]

ပါဝင်ပစ္စည်းများ

-သကြား ၂ခွက်(ဆန်ချိန်ခွက်) -အုန်းသီးဖတ်၂၀၀ ဂရမ် -အုန်းသီးမှုန့်၁ဇွန်း(စားပွဲတင်) -ဆား နဲနဲ အရောင်ဖြင့်စားလိုသူများအတွက်   မုန့်လုပ်ရာတွင် ထည့်သွင်း အသုံးပြုသည့် အရောင်မှုန့်များ လိုအပ်မည်ဖြစ်သည်။ အုန်းသီးကို အဓိကအသုံးပြု၍  ပြုလုပ်ထားသော  မုန့်ဖြစ်သောကြောင့်  မုန့်လုပ်ရာတွင် အသုံးပြုသည့်  အုန်းသီးမှာ မရင့်သော အုန်းသီးဖြစ်ရန် လိုအပ်သည်။

ပြုလုပ်နည်း

အုန်းမှန်ကူမုန့်ပြုလုပ်ဖို့ ပထမဆုံး အနေနဲ့ အခွံခွာထားတဲ့ အုန်းသီးကို အမည်းအမျှင်တွေပါရင် လှီးထုတ်ရသည်။ အမည်းအမျှင်တွေ ကင်းသွားတဲ့ အုန်းသီး အသားကို အမျှင်ခြစ်ရမယ်။ ခြစ်ပြီးသားအုန်းသားတွေကို ဒယ်အိုးထဲထည့်ပြီး မီးအေးအေးနဲ့လှော်ရသည်။ အုန်းသားတွေ ခြောက်လာပြီဆိုပါက သကြားထည့်ပြီး အဆက်မပြတ်မွှေပေးရသည်။သကြားတွေ အရည်ပျော်ပြီး ခြောက်လာတဲ့အထိ မွှေပေးရသည်။ အုန်းသားတွေခြောက်ပြီး ခဲလာပါက ဆီအနည်းငယ် လူးထားတဲ့ဗန်းတစ်ခုထဲကို   ဖိထည့်ပြီး အအေးခံပါ။ အအေးခံထားတဲ့မုန့်တွေ အတန် အသင့် အေးသွားရင် စားသုံးသူစိတ်ကြိုက် ပုံစံလှီးကာ အအေးခံထားတဲ့ ဗန်းတစ်ခုထဲကို ပြန်ထည့်ပြီး လေသလပ်ခံကာ  အခြောက်ပြန်ခံပါ။ ခြောက်ပြီးမာလာရင် အုန်းမှန်ကူမုန့် ပြုလုပ်တာ ပြီးဆုံးပါသည်။ အရောင်နဲ့စားသုံးလိုသူတွေ အနေနဲ့  သကြားထည့်ပြီးမွှေတဲ့အချိန်မှာ  မိမိကြိုက်နှစ်သက်တဲ့ အရောင်မှုန့်ကို တစ်ပါတည်း ထည့်မွှေရပါမယ်။ အုန်းမှန်ကူမုန့်ကောင်းရဖို့ မီးကလည်း အရေးကြီး၍ မုန့်လုပ်သောအခါ မီးကိုလိုအပ်သော အတိုင်းအတာအထိသာ အသုံးပြုရမည်ဖြစ်သည်။

ကိုးကား

  1. [www.myawady.net.mm/index.php/articles/item/17620-2018-03-05-12-11-12 ရသာစုံလင်စားစေချင် မြန်မာရိုးရာ အစားအစာများ] (in my)။