အားနက် ဟဲမင်းဝေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၆ -
ငါးကြီးမှာ အရိုးစုမျှသာ ကျန်တော့သည်ကို တွေ့ရ၍ တံငါအိုစိတ်၌ မည်သို့ခံစားရပုံတို့ကို ဖော်ပြထား၏။ ဝေဖန်ရေးဆရာများက ဝတ္ထုတွင်းမှ တံငါအို၏ ခံစားချက်တို့မှာ ဟဲမင်းဝေးသည် သူ၏မအောင်မြင်သော''မြစ်ကိုဖြတ်၍ တောတွင်းဆီသို့'' ဝတ္ထုထွက်ပြီးနောက် သူကိုယ်တိုင် ခံစားရသော စိတ်နေစိတ်ထားတို့ကို ဖော်ပြထားခြင်းပင် ဖြစ်သည်ဟု ဆိုကြလေသည်။
 
ဟဲမင်းဝေးသည် ၂ဝရာစုနှစ်အတွင်း အထူးခြားဆုံးနှင့် အထင်ရှားဆုံးသော အမေရိကန်စာရေးဆရာတစ်ဦး ဖြစ်သည်ဟု ဆိုကြလေသည်။ ဟဲမင်းဝေးသည် ဘဝစုံခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ ဒေသန္တရဗဟုသုတ ပြည့်ဝခြင်းစသော အချက်အလက်များနှင့် ပင်ကိုယ်ထူးချွန်ခြင်းတို့ကြောင့် ကမ္ဘာကျော် စာရေးဆရာကြီး အဖြစ်သို့ ရောက်ခဲ့သည်ဟု ဆိုရပေမည်။ ဟဲမင်းဝေးသည် ၁၉၅၄ ခုနှစ်တွင် နိုဗဲစာပေဆုကြီးကိုနိုဘယ်စာပေဆုကြီးကို ဆွတ်ခူး ရရှိခဲ့သည်။ ဟဲမင်းဝေးသည် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် သေနတ်ထိမှန် သေဆုံးခဲ့၏။ ဟင်းမင်ဝေး သေဆုံးပုံနှင့် စပ်လျဉ်း၍ သတင်းစာကြီး အများက အမဲပစ်ထွက်ရန် သေနတ်တိုက်ချွတ်နေယင်း မတော်တဆ ကျည်ဆန်ထွက် ထိမှန်သေဆုံးရသည်ဟု ဖော်ပြကြ၍၊ သတင်းစာကြီးတစောင် ကမူ မိမိကိုယ်မိမိ သတ်သေခြင်း ဖြစ်သည်ဟု ဖော်ပြလေသည်။ ဟဲမင်းဝေး ရေးသားခဲ့သော အခြားဝတ္ထုများမှာ ''ကျွန်ုပ် တို့ခေတ်တွင်'' (၁၉၂၄)၊ ''နိုင်သူ ဘာမျှ မရ'' (၁၉၃၃)၊ ''အာဖရိက တောင်စိမ်းများ''(၁၉၃၅) နှင့် ''ရှိပြီး မရှိခြင်း'' (၁၉၃၇) ဝတ္ထု စသည်တို့ ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==