မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရဟန်းဘဝ
အရေးမကြီး →‎ရဟန်းဘဝ
စာကြောင်း ၂၁ -
၁၂၈၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ဝင်ရောက်ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့ပါသည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မဝင်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကိုလည်းကောင်း၊ ၁၂၈၉-ခုနှစ် ပထမကြီးတန်း ကိုလည်းကောင်း ဝင်ရောက်ဖြေဆို၍ ချောမောစွာ အောင်မြင်တော်မူခဲ့ပါသည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ဝိနည်းအာဂုံပြန်ပွဲ၌လည်း ဝိနည်းငယ်လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံးအောင်မြင်တော်မူခဲ့ပါသည်။
 
၁၂၉၀-ပြည့်နှစ်၌ [[မန္တလေးမြို့]] အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံး တော်မူလျှက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော်ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒါဘိဝံသစသောဦးဣန္ဒာဘိဝံသစသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် [[မော်လမြိုင်မြို့]] တောင်ဝိုင်းကလေးတိုက်ကျောင်း မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စမထေရ်မြတ်က ဖိတ်ခေါ်တော်မူသောကြောင့် ၁၂၉၁-ခုနှစ် ဝါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထိုဆရာတော်ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချသင်ပြပေး နေခဲ့ပါသည်။
 
ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃-ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇဝန္တနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသမြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌နေရင်း ကမ္မဋ္ဌာန်းနည်းများကို စုံစမ်းလေ့လာပြီးနောက် သထုံမြို့မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌[[သထုံမြို့]]မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံးလျက်နေခဲ့ပါသည်။ နေရောညဉ့်ပါမအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသောရက်တွေသာ များခဲ့ပါသည်။
 
ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ဝါဆိုလဆန်း ၁၄-ရက်နေ့ ညဉ့်၌ တိုက်ကျောင်းဆရာတော်ဘုန်းကြီး ပြန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိမ်းသိန်းစောင့်ရှောက်နေခဲ့ရပါသည်။