မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရဟန်းဘဝ
အရေးမကြီး →‎ရှင်သာမဏေဘဝ
စာကြောင်း ၃ -
===ရှင်သာမဏေဘဝ===
 
မဟာစည်ဆရာတော် အလောင်းအလျာဖြစ်သူသည် ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့်အချိန်၌ [[ရွှေဘိုမြို့]] အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ ခမည်းတော် ဦးကံတော်+ မယ်တော်ဒေါ်အုပ် တို့မှ ဖွားမြင်တော်မူပါသည်။
 
ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့ပါသည်။ ၁၂-သားအရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာအခမ်းအနားပြု၍ အရှင်အာဒိစ္စမထေရ်ထံ၌ပင် ရှင်သာမဏေပြုလျက် ချီးမြောက်ခဲ့ပါသည်။ ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာအရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘန ဟု ဘွဲ့အမည်ပေးတော်မူခဲ့ပါသည်။