အယ်လဗတ် ရွိုက်ဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃ -
 
ဒေါက်တာ အယ်လဗတ်ရွှိုက်ဇာသည် အထက်ဖော်ပြပါလုပ်ငန်းများအပြင် တိရစ္ဆာန်ဆေးကုပညာ၊ သွားစိုက်ပညာ၊ ပုံဆွဲပညာ စသည်ဖြင့် တတ်မြောက်ကျွမ်းကျင်သည်။ ယင်းသို့ လုပ်ငန်းမျိုးစုံ၌ ကျွမ်းကျင် တတ်မြောက်အောင် လေ့လာဆည်းပူးထားခြင်းမှာ သူ၏ လူမှုအကျိုးပြုလုပ်ငန်းကြီး အကောင်အထည်ဖော်ရာ၌ အသုံးချရန် ဖြစ်လေသည်။ ထိုကြောင့် ဒေါက်တာရွှိုက်ဇာသည် မိမိတတ်မြောက်ကျွမ်းကျင်သော အတတ်ပညာများကို အသုံးချရာ၌ အများနှင့် မတူ၊ တစ်မူကွဲသည်။ ကျမ်းကြီး ကျမ်းခိုင်များကို ရေးသားပြုစု သဖြင့်၎င်း၊ [[ဥရောပ]]နိုင်ငံများသို့ လှည့်၍ အော်ဂန်(ပြွန်စန္ဒရား) တီးပြသဖြင့်၎င်း၊ ဟောပြောပွဲများ ကျင်းပခြင်းဖြင့်၎င်း ငွေကြေး အများအပြား ရရှိသည်။ သို့သော် ထိုငွေများကို ဒေါက်တာ ရွှိုက်ဇာသည် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် မသုံးချေ။ သူ၏ အတတ်ပညာများဖြင့် ကြိုးပမ်းတကုတ် ရှာ၍ရရှိသော ငွေများ
သည် လူ့လောကတွ် ဓားမနောက်ပိတ်ခွေး ဖြစ်နေကြသော လူ အများ၏ကျန်းမာရေး၊ အသိဉာာဏ်ပွင့်လင်းရေး စသော ပရဟိတ လုပ်ငန်းမျိုးစုအတွက် ရန်ပုံငွေများ ဖြစ်သွားကြလေသည်။ ထိုကြောင့် ဒေါက်တာရွှိုက်ဇာကို လူမှုဝန်ထမ်း စေတနာရှင် ပုဂ္ဂိုလ်ထူးကြီးဟု ခေါ်ဆိုကြလေသည်။ လူမှုရေး အလွန်နိမ့်ကျနေသူများအား ကိုယ်ကျိုးစီးပွား လုံးဝမဖက်ဘဲ ကရုဏာ၊ မေတ္တာ စေတနာသန့်သန့်ဖြင့် မိမိ၏ဘဝကို မြှုပ်နှံကာ လူမှုအကျိုးဆောင်လုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့သဖြင့် ဆောင်ရွက်ခဲ့သဖြင့် [[၁၉၅၂ ခုနှစ်]] [[ငြိမ်းချမ်းရေးနိုဗဲဆုငြိမ်းချမ်းရေး နိုဘယ်ဆု]]ကြီးကို ရရှိခဲ့သည်။ ထိုနိုဗဲဆုအတွက်ထိုနိုဘယ်ဆုအတွက် ရရှိငွေ (မြန်မာငွေ တန်ဖိုးအားဖြင့် တစ်သိန်းကျော်)ကိုလည်း သူ၏ လူမှုလုပ်ငန်းအတွက်ပင် ရင်းနှီးမြှုပ်နှံလိုက်လေသည်။
 
ပုဂ္ဂိုလ်ထူး ဒေါက်တာရွှိုက်ဇာသည် ဂျာမန်လူမျိုးဖြစ်သည်။ ယခင်က ဂျာမန်ပိုင် ဖြစ်ခဲ့သော်လည်း ယခု [[ပြင်သစ်]]ပိုင် ဖြစ်သည့် အထက်[[အယ်လဆက်နယ်]]၊ ကိုင်ဇာဗတ်မြို့၌ ၁၈၇၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မိဘဘိုးဘွားများသည် လူသာဂိုဏ်းဝင် သာသနာ့ဝန်ထမ်းများ ဖြစ်သည်။ ရွှိုက်ဇာကို မွေးဖွားပြီး၍ မကြာမီပင် မိဘများသည် ဂွန်းစဗတ်မြို့သို့ ရွှေ့ပြောင်းခဲ့ရာ ထိုမြို့သည် ရွှိုက်ဇာ၏ ဇာတိဌာနေ ဖြစ်ခဲ့လေသည်။