ဘသန်း (ရှင်မဟာဗုဒ္ဓဃောသ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄ -
 
ဦးဘသန်းသည် ရန်ကုန်မြို့ နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့တွင်လည်း ဒုတိယစာပြင်မှူးအဖြစ် (၁၂)နှစ် အမှုထမ်းခဲ့သည်။ ထိုဌာနမှ အငြိမ်းစားယူပြီးနောက် မြို့မအထက်တန်းကျောင်းတွင် အထက်တန်း မြန်မာစာပြဆရာအဖြစ် နှစ်နှစ် အမှုထမ်းခဲ့ပြန်သည်။ ဦးဘသန်းသည် နိုင်ငံတော်အစိုးရက အပ်နှင်းသော ဝဏ္ဏကျော်ထင်ဘွဲ့ကိုရရှိခဲ့သည်။ ဦးဘသန်းသည် တိုးတက်ရေး၊ ကြီးပွားရေး၊ ရှုမဝ၊ မြဝတီမဂ္ဂဇင်းတို့တွင် သုတ ရသစာပေများကို ရေးသားခဲ့သည်။ ရေးသားပြုစုခဲ့သော စာအုပ်များအနက် ထင်ရှားသောစာအုပ်များမှာ 'မင်္ဂလာသင်ခန်းစာ'၊ 'မော်လမြိုင်ရာဇဝင်'(၁၉၅၀)၊ ၁၉၅၇-၅၈ ခုနှစ်တွင် စာပေဗိမာန်ဆုရ 'နွယ်မြက်သစ်ပင် ကျေးဇူး'၊ 'ရွှေကျင်သာသနာ နှစ်တစ်ရာ'(သမိုင်း)(၁၉၆၂)၊ '[[မဟာစည်ဆရာတော်|မဟာစည်ထေရ်မြတ်]]အတ္ထုပ္ပတ္တိ'(သမိုင်း)(၁၉၆၇)တို့ဖြစ်သည်။
ဦးဘသန်းသည် စာပေလုပ်သားအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး[[စာပေလုပ်သားအဖွဲ့]]ဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စာဆိုတော်နေ့ သက်ကြီးစာပေပညာရှင်အဖြစ် ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၃ခုနှစ်အထိ (၄)ကြိမ် ပါဝင်ကန်တော့ခံခဲ့ရသည်။
ဦးဘသန်းသည် ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ယဉ်ကျွေနှင့် သားသမီးလေးယောက် ကျန်ရစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၅)၊ စာ-၁၉၆ ၊ ၁၉၇။</ref>