အန်ဒရေ ဖရက်ဒရစ် ကော်နန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
 
စာကြောင်း ၆ -
ကော်နန်သည် ဗာရနာဖော့စမန်း (၁၉ဝ၄-၁၉၇၉)တွေ့ရှိထားပြီးသောနည်းကို ပိုမိုပြည့်စုံစေရန် ရစ် ချတ်နှင့်အတူလေ့လာဖြည့်ဆည်းနေစဉ် ရောဂါဖိစီးနေသော လူ့နှလုံး၏သဘောသဘာဝကို လည်းကောင်း၊ အခြေခံကျသော ခန္ဓာကိုယ် ချွတ်ယွင်းဖောက်ပြန်မှုကို တိကျစွာ ရှာဖွေနိုင်သောနည်းကိုလည်းကောင်း ထုတ်ဖော် ပေးနိုင်ခဲ့သည်။ ခုန်နေဆဲလူ့နှလုံး၏ အခန်းတစ်ခန်းထဲသို့ ချူပြွန်၏ တစ်ဘက်စွန်းကို သွင်းကာသွေးနမူနာထုတ်ယူ၍ ယင်းသွေးထဲ၌ အောက်ဆီဂျင်ပါဝင်မှု ပမာဏကိုကောက်ချက်ချနိုင်သည့် နည်းလမ်းကိုတိုးတက် ကောင်းမွန်အောင်ဖြည့်ဆည်းပေးခဲ့ခြင်းပင်ဖြစ်သည်။
 
ကော်နန်သည် ၁၉၄၉ ခုနှစ်တွင် အမေရိကန် ပြည်သူ့ကျန်းမာရေးအဖွဲ့ချုပ်၏ လက်စကာဆေးပညာဆုကို ဆွတ်ခူးသည်။ ထို့ပြင် ရစ်ချတ်နှင့် ဖော့စမန်းတို့နှင့်အတူ ၁၉၅၆ ခုနှစ်တွင် ဆေးပညာနှင့် ဇီဝကမ္မ ဗေဒဆိုင်ရာ နိုဗဲဆုကိုနိုဘယ်ဆုကို ရရှိသည်။ နှလုံးရောဂါကုထုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သည့် ပြင်သစ်နိုင်ငံဖွား အမေရိကန် ဆေးပညာရှင် အန်ဒရေးဖရက်ဒရစ် ကော်နန်သည် ၁၉၈၈ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဂရိတ်ဘာရင်တန်မြို့၌ ကွယ်လွန်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>