"အာနန္ဒာဘုရား" ၏ တည်းဖြတ်မှု မူကွဲများ

၂၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
DisamAssist ကို အသုံးပြု၍ ကျွန်း သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ကျွန်းသစ် သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
အရေးမကြီး (DisamAssist ကို အသုံးပြု၍ ကျွန်း သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ကျွန်းသစ် သို့ လင့်ခ်ပြောင်းလဲပြီးပြီ))
| width4 = 150
| alt4 =
| caption4 = အနောက်အရပ် - ပဉ္စလောဟာဖြင့်ပြီးသော [[ဂေါတမမြတ်စွာဘုရား]] (ပျက်စီးသဖြင့် [[ကျွန်းသစ်|ကျွန်း]]သစ်သားဖြင့် အသစ်ပြန်လည်ထုလုပ်)
}}
ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီ အသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်တို့ကား ဤကမ္ဘာ၌ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ကို ရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိသည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌ စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊ တောင်မျက်နှာမှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။ ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင် မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့ အလင်းရောင်ကျရောက်၍ လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။ ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့် တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြသည်။ မြောက်ဘက်နှင့် တောင်ဘက်များရှိ မတ်ရပ်ရုပ်ပွားတော်ကြီး နှစ်ဆူမှာ လက်နှစ်ဖက်ကို ရင်တွင်ကပ်၍ စက်လှည့်နေဟန် (ဝါ) ဓမ္မာစကြာ တရားဟောဟန် လက်အနေအထားဖြင့် ရှိကြသည်။ <ref name = "ပုဂံစေတီပုထိုးများ"/> အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။ သက္ကရာဇ် ၁၂၁၈ ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇောဓာတ် သင့်သဖြင့် [[မင်းတုန်းမင်း]] တရားကြီးက စံကားသားဖြင့် အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။ သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီရောက်မင်း လက်ထက်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊ အနောက်မျက်နှာမှ ပဉ္စလောဟာ ရပ်တော်မူကိုယ်တော်ကြီးသည် ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ ထိုပျက်စီးမှုများကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏ စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာမဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော စနစ်အတိုင်း ပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။ <ref name="မြန်မာ့စွယ်စုံကျမ်း"/>