မဒီးရကျွန်းများ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး DisamAssist ကို အသုံးပြု၍ ကျွန်း သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ကျွန်း (ကုန်းမြေ) သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
စာကြောင်း ၃ -
မြို့တော် [[လစ္စဗွန်းမြို့]]၏ အနောက်တောင်ဘက်တွင် တည်ရှိလျက် ၅၃၅ မိုင်ခန့်ကွာဝေးသည်။ ထို့ပြင် [[ကနေရီကျွန်းစု]]၏ မြောက်ဘက်တွင် လည်းကောင်း၊ [[အဇိုးကျွန်းစု]]၏ အနောက်တောင်ဘက်တွင် လည်းကောင်း တည်ရှိ၏။
 
မဒီးရကျွန်းစုတွင် မဒီးရကျွန်း၊ ပေါ်တိုဆန်း တိုးကျွန်းနှင့် လူနေအိမ်ခြေ မရှိသော မခြားကျွန်းကလေး ၂ ခုပါဝင်၏။ မဒီးရကျွန်းသည် အကြီးဆုံး[[ကျွန်း (ကုန်းမြေ)|ကျွန်း]]ဖြစ်ကာ အရေးပါ အရာရောက်ဆုံးဖြစ်၏။ မဒီးရကျွန်းများ၏ မြို့တော်သည် ဖွန်ရှားမြို့ဖြစ်လျက် မဒီးရကျွန်း၏ အရှေ့တောင်ဘက်ကမ်းရိုးတွင် တည်ရှိသည်။ ကျွန်းများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ၃၁၅ စတုရန်းမိုင်ဖြစ်၏။ မဒီးရကျွန်းသည် အလျား ၃၅ မိုင်၊ အနံ ၁၃ မိုင်ခန့်ရှိ၏။ ရှေးအခါက [[မီးတောင်]]ဖြစ်ခဲ့သော[[တောင်တန်း]] တစ်ခုသည် ကျွန်းကိုဖြတ်သန်းတည်ရှိ၏။ အမြင့်ဆုံးတောင်ထွတ်ဖြစ်သော ပီကူးရူဝီဗူးသည် ပင်လယ်ပြင်ထက် ၆ဝ၅၆ ပေမြင့်၏။ [[ရာသီဥတု]]သည် သမမျှတ၍ တစ်သမတ်တည်းရှိသောကြောင့် နာလှန်ထများ သွားရောက်အနားယူရာ ဒေသဖြစ်လေသည်။
 
မဒီးရကျွန်းများ၏ အဓိက ထွက်ကုန်များမှာ [[စွန်ပလွံသီး]]၊ [[ငှက်ပျောသီး]]၊ [[ပြောင်းဖူး]]၊ 0x100သဇာသီး၊ [[တည်သီး]]၊ [[သလဲသီး]]၊ [[သကြား]]၊ [[ကာဖီ]]၊ [[သပျစ်သီး]]၊ [[ကြံ]]၊ [[ကန်စွန်းဥ]]၊ [[ကြက်သွန်]]၊ ကောက်သီးကောက်နှံ အချို့နှင့် [[သစ်သီး]]များ ဖြစ်၏။ [[နွား]]များကို နွားနို့အလို့ငှာ မွေးမြူကြ၏။ အဓိကလုပ်ငန်းများကား ဇာထိုးပန်းထိုးလုပ်ငန်း၊ [[ဝိုင်အရက်]]လုပ်ငန်း၊ သကြားလုပ်ငန်း၊ ကြိမ်ထည် ပရိဘောဂများ၊ ခြင်းနှင့် တောင်းများ လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြစ်၏။ ထုတ်ကုန်များမှာ နာမည်ကျော် မဒီးရဝိုင်အရက်၊ ပန်းထိုးထည်များ၊ ကြိမ်ထည်များ၊ ငှက်ပျေား၊ [[နာနတ်သီး]]၊ နွားနို့ထွက် ပစ္စည်းများနှင့် [[ငါး]]များပင်တည်း။