ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး DisamAssist ကို အသုံးပြု၍ ကျွန်း သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ကျွန်းသစ် သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
စာကြောင်း ၃၄ -
ပျဉ်းမနားမြို့ကို မြန်မာဘုရင်များလက်ထက်ကပင် တည်ထောင်ခဲ့သည်။ ထိုစဉ်က နယ်ကျန် ၊ နယ်ချန် သို့မဟုတ် နင်းကြမ်း ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာမင်းများလက်ထက် စစ်ချီတက်ရာတွင်လည်းကောင်း၊ ဆိုင်ရာနယ်စားများ အခွန်ဘဏ္ဍာတော် ကောက်ခံရာတွင်လည်းကောင်း ယခုလက်ရှိ ပျဉ်းမနားမြို့သည် တောတောင်စိမ့်စမ်း အလွန်ထူထပ်သောကြောင့် ချန်၍ ထားခဲ့သဖြင့် နယ်ကျန်၊ သို့မဟုတ် နယ်ချန် ဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ နင်းကြမ်း ဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုစဉ်က လူအများရောင်းဝယ်ဖောက်ကားရာဈေးသည် ပျဉ်းမနားမြို့မြောက်ဘက် ငလိုက်ချောင်း (ရှေးအခေါ်လက်လိုက်ချောင်း) တစ်ဘက်ကမ်းရှိ ရွာကောက်ရပ် ဖြစ်သဖြင့် ဈေးသွားသူတို့ ချောင်းဖြတ်ကူးရာတွင် လွယ်ကူစေရန် ဝါးကြမ်းခင်း၍ နင်းသွားရသောကြောင့် နင်းကြမ်း ဟု အမည်တွင်ရကြောင်း ဆိုကြသည်။
 
ယင်းသို့ နယ်ချန်၊ နင်းကြမ်း မှ ပျဉ်းမနား ဟု ဖြစ်လာရခြင်းမှာ [[အင်္ဂလိပ်]] အစိုးရ အုပ်စိုးစဉ်အခါက အစိုးရကိစ္စ စာပေးစာယူပြုရာတွင် [[နင်းကြမ်း]] နှင့် [[မြင်းခြံမြို့]] နှစ်မြို့ကို အင်္ဂလိပ်စာလုံးပေါင်းဖြင့် မကြာခဏ မှားသောကြောင့် အလုပ်များ ဖင့်နွှဲနှောင့်နှေးခြင်း မရှိစေရန် နင်းကြမ်းအမည်မှ မြို့နှင့်အနီးဆုံး ယခုလက်ရှိ ပျဉ်းမနားမြို့မှ ၅မိုင်ခန့် ကွာဝေးသော လမ်းပျဉ်းမနားရွာ၊ သို့မဟုတ် ပျဉ်းမနားရွာဟောင်းအမည်ကို အစားထိုး၍ အမည်ပြောင်းလိုက်သည် ဟု ဆိုသည်။ ပျဉ်းမနားမြို့၏ အကျယ်အဝန်းမှာ နှစ်မိုင်ပတ်လည်ခန့် ရှိသည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းသည် မြို့ကို အရှေ့နှင့် အနောက် နှစ်ပိုင်းခွဲထားသည်။ အိမ်ခြေ ငါးထောင်ရှိ၍ ၁၉၅၃ခုနှစ် [[သန်းခေါင်စာရင်း]]အရ [[လူဦးရေ]] နှစ်သောင်းကျော်ရှိသည်။ [[ဘုန်းကြီးကျောင်း]]ပေါင်း ၆၀ ကျော်ရှိ၍ [[ဗုဒ္ဓဘာသာဝင်]] [[မြန်မာလူမျိုး]]များ အများဆုံး ဖြစ်သည်။ ဒုတိယအများဆုံးမှာ [[မွတ်ဆလင်]]များ ဖြစ်၍ တတိယ အများဆုံးမှာ [[တရုတ်လူမျိုး]]များ ဖြစ်ကြသည်။ မြို့နယ်လူထုသည် အစိုးရ အမှုထမ်းများ အဖြစ်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ အသက်မွေးကြသည်။ [[စပါး]]၊ [[ပြောင်း]]၊ [[နှမ်း]]၊ [[ပဲအမျိုးမျိုး]]၊ [[ကြံ]] စသည်တို့ကို စိုက်ပျိုးကြသည်။ [[ကျွန်းသစ်|ကျွန်း]]နှင့် [[ပျဉ်းကတိုး]] သစ်ထုတ်လုပ်ငန်းနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်း တို့သည် ယခုအခါ ကြီးကျယ်သော လုပ်ငန်းများ ဖြစ်သည်။ [[တောင်ငူမြို့]]အနီးရှိ [[ဇေယျဝတီသကြားစက်]]ဖွင့်လှစ်ပြီးနောက်တွင် ပျဉ်းမနား နယ်တစ်ဝိုက်တွင် ကြံစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ကြ၍ ကြံအမြောက်အမြား တင်ပို့ရောင်းချသော မြို့ ဖြစ်သည်။ ပျဉ်းမနားမြို့ အရှေ့ဘက် ၅မိုင်အကွာ ပေါင်းလောင်းမြစ်အနီးတွင် ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်ထားသော နိုင်ငံတော် သကြားစက်ကြီး ရှိသည်။ တစ်နေ့လျှင် ကြံတန်ချိန် ၁၅၀၀ ကြိတ်ဝါးနိုင်သည်။
 
ကူးသန်းရောင်းဝယ်ရေးအတွက် မီးရထား၊ မော်တော်ကား၊ နွားလှည်း၊ မြင်းလှည်း တို့ကို အသုံးပြုသည်။ (က) ပျဉ်းမနားမြို့မှ [[လယ်ဝေးမြို့]]နှင့် [[တောင်တွင်းကြီးမြို့]]တို့ကို ဖြတ်၍ ပဲခူးရိုးမကို ဖြတ်ကျော်ပြီးလျှင် အနောက်မြောက်ဘက် ၁၃၉ မိုင်အကွာတွင် ရှိသော [[ကျောက်ပန်းတောင်းမြို့]]သို့ မီးရထားလမ်းတစ်လမ်း၊ (ခ) အနောက်ဘက် မိုင် ၅၀ ကျော် ကွာဝေးသော [[တောင်ညိုရွာ]]သို့ မော်တော်ကားလမ်းတစ်လမ်း၊ (ဂ) အရှေ့ဘက် ၇ မိုင်ခန့် ကွာဝေးသော [[ပေါင်းလောင်းမြစ်]]ကမ်းသို့ မော်တော်ကားလမ်း တစ်လမ်း ရှိသည်။ ထိုမော်တော်ကားလမ်းများသည် ကျွန်းနှင့် ပျဉ်းကတိုး သစ်လုပ်ငန်းများအတွက် အသုံးဝင် အရေးပါသော လမ်းများ ဖြစ်သည်။ ပျဉ်းမနားမြို့ မြူနီစီပယ်အဖွဲ့ကို ခရစ်နှစ် ၁၈၈၈ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စက်ရှင်ရုံး၊ နယ်ပိုင်ရုံး၊ တရားမရုံး စသော အဆောက်အအုံများသည် မြို့၏ အနောက်ဘက်ကုန်းမြင့် တောင်ပူစာလေးများပေါ်တွင် တည်ရှိကြသည်။ မြို့၏ အရှေ့ဘက် လယ်ယာ ကိုင်းခင်းများနှင့် [[စစ်တောင်းမြစ်]]တို့ကို ဖြတ်ကျော်၍ မျှော်ကြည့်လိုက်လျှင် ညို့မှိုင်းနေသော [[ရှမ်းရိုးမ]] တေင်တန်း၏ တောင်စွယ်ဖြစ်သည့် [[ဆင်ဖြူတောင်]] နှင့် [[လှေခွင်းတောင်]] တို့ကို ကြည်နူး လွမ်းဆွတ်ဖွယ်ရာ တွေ့မြင်နိုင်သည်။ ဆင်ဖြူတောင်၌ ညီမ မမယ်ဖြူ လေထွင်းတောင် (ရှေးအခေါ် လှေခွင်းတောင်) ၌ အစ်မမယ်ညို နတ်ညီအစ်မ နှစ်ဦးအတွက် တည်ထားသော ဘုရားများ၌ နှစ်စဉ် [[တန်ခူး]]လတွင် ဘုရားပွဲတော်များ ကျင်းပကြသည်။ ဆင်ဖြူတောင်ခြေတွင် [[ကိုးခန်းဇရပ်ကြီး]]တည်ရှိသည်။