အာဖဂန်နစ္စတန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး DisamAssist ကို အသုံးပြု၍ ဂရိ သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ဂရိနိုင်ငံ သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
စာကြောင်း ၆၁ -
တွင် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ဝင်ရောက်နိုင်သော ကိုင်ဗာတောင်ကြားလမ်းရှိသည်။ ရှေးအခါကပါးရှင်၊ ဂရိစသော တိုင်းခြားတပ်များသည် အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ထိုတောင်ကြားလမ်းအားဖြင့် ချီတက်ခဲ့ကြ၍ သမိုင်းအစဉ်အဆက်၌ ထင်ရှားခဲ့သော တောင်ကြားလမ်း ဖြစ်လေသည်။ အာဖဂနိစတန်နိုင်ငံ၏ မြေမျက်နှာပြင်သည် တောင်စဉ် တောင်တန်းကြီးများ၊ လွင်ပြင်နှင့် တောင်ကြား ဒေသများ၊ သဲကန္တာရများဟူ၍ ခြားခြားနားနား ကွဲကွဲဲပြားပြား ရှိပေရာ ရာသီဥတုကလည်း တစ်ဒေသနှင့် တစ်ဒေသမတူ၊ ကွာခြားသည်။ အလွန်အမင်း ချမ်းအေးသည့်ဒေသ အလွန်အမင်း ပူပြင်းသည့် ဒေသဟူ၍ လည်း ရှိသည်။ တစ်နေရာ၊ တစ်ဒေသတည်း၌ပင် ဆောင်းရာသီ၌ အပူချိန် ဖာရင်ဟိုက် ၁၅ ဒီဂရီမျှသာ ရှိသော်လည်း နွေရာသီ၌ ဖာရင်ဟိုက် ဒီဂရီ ၁၂ဝ ကျော်အထိ အပူရှိန်တက်သည်လည်း ရှိပေသည်။ တောင်တန်းဒေသများတွင် ဆောင်းရာသီ နှင်းခဲများသည် မြေပြင်ပေါ်၌ လပေါင်းများစွာ ကြာအောင် စုခဲလျက် ရှိတတ်ရာ လူများသည် အိမ်ပြင်သို့ မထွက်နိုင်ကြတော့ချေ။ အချို့ဒေသများတွင်မူ နေ့အခါ အလွန် ပူပြင်း၍ ညဉ့်အခါ အလွန်ချမ်းအေးလှ ပြန်သည်။
 
ယေဘုယျအားဖြင့်ဆိုလျှင် အာဖနိစတန်နိုင်ငံ၏ အရပ်ဒေသများစွာ တို့သည် မိုးပါး၍ ခြောက်သွေ့သည်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော ရာသီဥတုမျိုး ရှိိလေသည်။ရှိလေသည်။
တောင်တန်းဒေသများစွာတို့သည် စိုက်ပျိုးလုပ်ကိုင်ရန် မဖြစ်နိုင်လောက်အောင် မြေပြင်မာကျောခြောက် သွေ့သော်လည်း မြေဩဇာထက်သန်းခေါင်းမွန်သော လွင်ပြင်နှင့်
တောင်တန်းများမှ စီးဆင်းသော မြစ်ချောင်း များမှရေသွယ်ယူ၍ စိုက်ပျိုးလုပ်ကိုင်ကြရာ ဂျုံစပါး၊ မုယောစပါး စသော ကောက်ပဲသီးနှံနှင့် သစ်သီးဝလံ များ အလွန်ဖြစ်ထွန်းသည်။