ဒလိုင်းလားမား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၃ -
 
ပထမဆုံး ဒလိုင်းလားမားမှာ ၁၄၀၀-ပြည့်နှစ်အတွင်း သက်ရှိထင်ရှားရှိခဲ့ပြီး ထိုအချိန်မှ ယနေ့အချိန်ထိ ဒလိုင်းလားမား ၁၄-ယောက် မြောက် ရှိပြီဖြစ်သည်။ ယနေ့ ရှိသော ဒလိုင်းလားမားမှာ [[တင်းဇင်းဂျရတ်စို]] ဖြစ်သည်။ ဒလိုင်းလားမား ကွယ်လွန်သည့်အခါ သူ့ဝိညာဉ်သည် အခြားခန္ဓာတစ်ခုတွင် ဝင်စား၍ ကမ္ဘာကြီးတွင် ပြန်လည်မွေးဖွားလာခဲ့သည်ဟု ယုံကြည်ကြသည်။ ဤသို့ဖြင့် ဒလိုင်းလားမားသည် တိဘက်လူမျိုးများကို ဆက်လက် ဦးဆောင်၍ ကရုဏာတရားတွေကိုလည်း မျှဝေပေးနိုင်လေသည်။
==အတိတ်နိမိတ်များကို ရှာဖွေခြင်း==
၁၉၉၃-ခုနှစ်တွင် ဆယ့်သုံးယောက်မြောက် ဒလိုင်းလားမား ကွယ်လွန်ခဲ့သည်။ သူ့အလောင်းကို လူများလာရောက် ရှိခိုးပူဇော်နိုင်ရန် ဘုန်းကြီးပျံအခမ်းအနားဖြင့် ကျင်းပခဲ့ကြသည်။ စင်မြင့်တစ်ခုပေါ်တွင် သူ၏ အလောင်းကို လှဲလျောင်းထားရာ သူ့မျက်နှာမှာ တောင်ဘက်သို့ လှည့်လျက်သား ပြင်ထားခဲ့သည်။ သို့သော် နောက်တစ်နေ့တွင် ဒလိုင်းလားမား၏ မျက်နှာမှာ အရှေ့မြောက်ဘက်သို့ လှည့်နေကြောင်း တွေ့လိုက်ရသည်။ ဦးခေါင်းကို တောင်ဘက်သို့ ပြန်၍ လှည့်ထားခဲ့ရာ နောက်တစ်နေ့တွင်လည်း အရှေ့မြောက်ဘက်သို့ လှည့်နေသည်ကို တွေ့ရပြန်သဖြင့် အတိတ်နိမိတ်တစ်ခု ဖြစ်နိုင်ကြောင်း တိဘက်ဘုန်းကြီးများက ယူဆခဲ့လေသည်။
 
 
 
တိဘက်ဗုဒ္ဓဘာသာမှာ လားမားများသည် [[နိဗ္ဗာန်]]ကို လမ်းညွှန်ပေးသူ အရေးပါသော ဆရာများ ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် တိဘက်ဗုဒ္ဓဘာသာဝင် ၁၀-သန်းနှင့် သန်း၂၀- ရှိလေသည်။