ဒလိုင်းလားမား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၆ -
၁၉၉၃-ခုနှစ်တွင် ဆယ့်သုံးယောက်မြောက် ဒလိုင်းလားမား ကွယ်လွန်ခဲ့သည်။ သူ့အလောင်းကို လူများလာရောက် ရှိခိုးပူဇော်နိုင်ရန် ဘုန်းကြီးပျံအခမ်းအနားဖြင့် ကျင်းပခဲ့ကြသည်။ စင်မြင့်တစ်ခုပေါ်တွင် သူ၏ အလောင်းကို လှဲလျောင်းထားရာ သူ့မျက်နှာမှာ တောင်ဘက်သို့ လှည့်လျက်သား ပြင်ထားခဲ့သည်။ သို့သော် နောက်တစ်နေ့တွင် ဒလိုင်းလားမား၏ မျက်နှာမှာ အရှေ့မြောက်ဘက်သို့ လှည့်နေကြောင်း တွေ့လိုက်ရသည်။ ဦးခေါင်းကို တောင်ဘက်သို့ ပြန်၍ လှည့်ထားခဲ့ရာ နောက်တစ်နေ့တွင်လည်း အရှေ့မြောက်ဘက်သို့ လှည့်နေသည်ကို တွေ့ရပြန်သဖြင့် အတိတ်နိမိတ်တစ်ခု ဖြစ်နိုင်ကြောင်း တိဘက်ဘုန်းကြီးများက ယူဆခဲ့လေသည်။
 
တိဘက်ဗုဒ္ဓဘာသာအရ ဒလိုင်းလားမား ကွယ်လွန်သည့်အခါ သူ၏ ဝိညာဉ်သည် အခြားခန္ဓာကိုယ်တစ်ခုတွင် ပြန်၍ ဝင်စားကာ မွေးဖွားလာသည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ယခုအတိတ်နိမိတ်အရ နောင်လာမည့် ဒလိုင်းလားမား အလောင်းအလျာမှာ ကွယ်လွန်သူ ဒလိုင်းလားမား မျက်နှာမူခဲ့သော အရှေ့မြောက်အရပ်တွင် ရှိနေပေလိမ့်မည်။
 
 
တိဘက်ဗုဒ္ဓဘာသာမှာ လားမားများသည် [[နိဗ္ဗာန်]]ကို လမ်းညွှန်ပေးသူ အရေးပါသော ဆရာများ ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် တိဘက်ဗုဒ္ဓဘာသာဝင် ၁၀-သန်းနှင့် သန်း၂၀- ရှိလေသည်။