မောင်မောင်တင် (မဟာဝိဇ္ဇာ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၉ -
# မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းမှတ်စု (ဦးမောင်မောင်ဗြား) စသည်တို့ ပါဝင်သည်။ ဆရာကြီးသည် ပုရပိုက် ၂၀၀ကျော်၊ ရှေးဟောင်းရှားပါးဂျာနယ်နှင့် မဂ္ဂဇင်း ၃၀၀ ကျော်၊ အဖိုးတန် အင်္ဂလိပ်မြန်မာစာအုပ် ၅၀၀ကျော် တို့ကို စုဆောင်းထားရှိကာ မိမိ၏ ပွဲကုန်းနေအိမ်တွင် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ပြတိုက်နှင့် စာကြည့်တိုက် ဖွင့်လှစ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သေးသည်။
==သမိုင်းရေးရာတာဝန်များ တိုးတက်ဆောင်ရွက်ခြင်း==
၁၉၅၈-ခုနှစ်မှ ၁၉၆၅-ခုနှစ်များအတွင်း သမိုင်းရေးရာ၊ စာပေရေးရာ၊ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို အနားမနေမနားမနေ ဆောင်ရွက်သည်။ ခရီးအကြိမ် ရာနှင့်ချီ၍ သွားရောက်ခဲ့သည်။ [[ပြဒါးလင်းဂူ]]သို့ နှစ်ကြိမ်တိုင် သွားရောက်လေ့လာမှု ပြုသည်။ အင်းဝ၊ ပုဂံနှင့် ပင်းယမြို့များသို့ အကြိမ်ကြိမ် သွားရောက်ကာ ထိုမြို့ဟောင်းများအနက် ဆရာကြီးသည် အင်းဝမြို့ဟောင်းအား ပိုမိုမြတိနိုးတွယ်တာဟန်ရှိသည်။ ၁၉၆၅-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ အငြိမ်းစားယူကာ မြန်မာနိုင်ငံ သမိုင်းကော်မရှင်တွင်မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် မန္တလေးမြို့မှနေ၍ တာဝန်ခံ အမှုထမ်းသည်။ ထိုစဉ်ကာလများ၌ စွယ်စုံဆင်ပြောင်ကြီးအလား စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ လေ့လာမှု၊ အဖိုးတန် သမိုင်းဆိုင်ရာအဖိုးတန်သမိုင်းဆိုင်ရာ စာတမ်းနှင့် အချက်အလက်များကို စုဆောင်း၍ သမိုင်းကော်မရှင်သို့ ပေးအပ်ခဲ့၏။ ၁၉၈၅-ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၌ အဖွဲ့ဝင်အဖြစ်၎င်း၊ မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်၎င်း နိုင်ငံတော်မှ တိုးမြှင့်တာဝန် ပေးအပ်သဖြင့် ယင်းတာဝန်ကို လက်ခံပြီး မိမိချစ်မြတ်နိုး၍ သံယောဇဉ် ကြီးမားသော မွေးရပ်မြေ မန္တလေးနေပြည်တော်အား စွန့်ခွာကာ ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်သည်။ မန္တလေးမြို့ပေါ် သံယောဇဉ်ကြီးမားလှသော ဆရာကြီးသည် ရန်ကုန်မြို့တော်ကြီးတွင် နေထိုင်ရပါသော်လည်း မန္တလေးနှင့် နေ့စဉ်နှင့်အမျှ အဆက်အသွယ်မပြတ်ရှာဘဲ မိမိ၏ မွေးနေ့ကိုလည်း ကုသိုလ်တော် ဘုရားကြီးအတွင်း၌ကုသိုလ်တော်ဘုရားကြီးအတွင်း၌ နှစ်စဉ်ကြွရောက် ကျင်းပခဲ့သည်။
 
==နန်းတော်ကြီးများ ထိန်းသိမ်းဖော်ထုတ်ရာတွင် ပါဝင်ခြင်း==
ဆရာကြီးသည် ရှေးမြို့ဟောင်းများကို လေ့လာသုတေသနပြုလုပ်ခဲ့သူ ပုဂ္ဂိုလ်၊ သမိုင်းရေးရာပညာရှင်ကြီး တစ်ဦးဖြစ်သည်နှင့် လျော်ညီစွာ ရှေးနန်းတော်ကြီးများကို ရှေးဟန်မပျက် ဖော်ထုတ်ထိန်းသိမ်းရေး လုပ်ငန်းအရပ်ရပ်တွင် အမှားအယွင်းမဖြစ်ရန်နှင့် အမှန်အကန်ဖြစ်စေရန် အတွက် ထိန်းကြောင်းလမ်းညွှန်မှုများ ပြုလုပ်သည်။