ဘန်ကောက်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၇ -
== မြို့၏ဖွဲ့စည်းပုံ ==
 
ဘန်ကောက်မြို့ပေါ်တွင် ဘုရားတန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပေါင်း (၄၀၀) ကျော် ရှိပေရာ၊ ယင်းတို့မှ ပြောက်လက်သောပြောင်လက်သော စဉ့်အုတ်ကြွပ်မိုးများနှင့် သေးသွယ်ရှည်လျားပြီးလျှင် ဝင်းဝင်းလက်လက် ရှိနေသော စုလစ်မွန်းချွန်တို့ကို လေယာဉ်ပေါ်မှ မြင်ရလျှင် လှံကိုင်တပ်တတပ် ရပ်တည်နေသကဲ့သို့ ထင်ရသည်။ ယိုးဒယား ဗိသုကာ လက်ရာတို့ဖြင့် ပြီးသောဗိသုကာလက်ရာတို့ဖြင့်ပြီးသော ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် နန်တော်အဆောက်အအုံများကား တမျိုးတဖုံ တင်တယ်လှပေကြသည်။ မြန်မာဘုရား၊ ကျောင်းတန်ဆောင်းတို့တွင် ခြင်္သေ့ရုပ်နှင့် မကင်းသကဲ့သို့ ဘန်ကောက်မြို့မှ ဘုရားကျောင်း တန်ဆောင်းတို့၌ ခန့်ညားသော [[ဘီလူး]]ရုပ်ကြီးများကို တွေ့ရတတ်သည်။
 
နန်းမြို့ရိုး၏ အပြင်ဖက်တွင်ကား ခေတ်မီတိုက်တာ အဆောက်အအုံများ၊ လမ်းကျယ်ကြီးများ၊ ပန်းဥယျာဉ်များနှင့် ခန်းနားသိုက်မြိုက် သပ်ရပ်လှပေသည်။ မြို့၏ အစည်ကားဆုံး နေရာမှာအစည်ကားဆုံးနေရာမှာ နယူးရုဒ်လမ်းမကြီး ဖြစ်သည်။ နယူးရုဒ် လမ်းမကြီးအပြင်နယူးရုဒ်လမ်းမကြီးအပြင် ယောဝရတ် လမ်းမကြီးနှင့် တရုတ်လူမျိုးများ အများအပြားနေထိုင်ရာ တရုတ်ရပ်ကွက် ဖြစ်သော ဆမ်ပင်းရပ်ကွက်တို့သည် အရောင်းအဝယ် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံခြားထွက် ပစ္စည်း၊နိုင်ငံခြားထွက်ပစ္စည်း၊ နိုင်ငံခြားပစ္စည်းမျိုးစုံကို ရရှိနိုင်သည်။ တရုတ်၊ အိန္ဒိယ၊ ဥရောပ၊ အမေရိကန် စသော နိုင်ငံခြားဆိုင်ကြီး ကန္နားကြီးများလည်း ရှိသည်။ ဘန်ကောက်မြို့၏ ခေတ်အမှီဆုံး အလှအပ အသပ်အရပ်ဆုံး လမ်းမကြီးမှာ ရာဇဒမ္မာန်ရိပ်သာဖြစ်၍ [[ပါရစ်မြို့ပါရီမြို့]]မှ လမ်းမကြီး တစ်ခုသဖွယ် ပြုပြင်ဖန်တီးထားသည်။ ထိုလမ်းမကြီး၏ အဆုံးတဖက်တွင် မြဘုရားတန်ဆောင်းရှိ၍ အခြားတဖက်ဆုံးတွင် သမကုန်း နန်းတော်ကြီး ရှိသည်။ ထိုနန်းတော်ကြီးကို [[ချူလာလောင်ကွန်းဘုရင်]] စတင်ခဲ့၍ ဝဇီရာ ဝုဓ(ဆဌရာမ) မင်းမြတ်က ၁၉၁၇ ခုနှစ်တွင် အပြီးသတ်သည်။ ကျောက်ဖြူသားဖြင့် အီတာလျံနေဆွန်း ပုံစံအတိုင်း ဆောက်လုပ်ထား၍ ခန့်ညားလှပသည်။ ယခုအခါ ပါလီမန် လွှတ်တော်အဖြစ် ပြုလုပ်ထားသည်။ ရာဇဒမ္မာန် ရိပ်သာကို မျက်နှာပြုလျက်ရှိသော အဆောက်အအုံများမှာ အစိုးရရုံးကြီးများ၊ ပထမတန်းစား ဟိုတယ်များနှင့် ရုပ်ရှင်ရုံများသာ ဖြစ်လေသည်။
 
==သယ်ယူပို့ဆောင်ရေး ==