မိဂဒါဝုန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆၀ -
 
== မူလအမည် ==
မိဂဒါဝုန်ဆိုသည်မှာ သားသမင်အပေါင်းတို့အားသား[[သမင်]]အပေါင်းတို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတနဟု အမည်ရသည်မှာ ဘုရား ပစ္စေကဗုဒ္ဓါအရိယာထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့် ဖြစ်သည်။
==မိဂဒါဝုန်==
စာကြောင်း ၆၈ -
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင် ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။
 
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော [[သီရိဓမ္မာ သောကမင်း]] ကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေရန် သာသနိက အဆောက် အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအဆောက်အအုံများ အနက် မိဂဒါဝုန်တော၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော [[ဓမ္မစက္ကစေတီဓမ္မေခစေတီတော်]]သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစေတီတော်ကြီးမှာ ပျက်စီးယိုယွန်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာဏ်တော်ပေ ၁၅ဝ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏ အပေါ်ပိုင်း သည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။ အောက်ပိုင်းတွင်ကား ရှစ် ထောင့်သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်ဖြင့် တည်ထားသည်။
 
မိဂဒါဝုန်တောကို ယခုခေတ်တွင် ''ဆားနပ်'' ဟု ခေါ်သည်။ ဗာရာဏသီမြို့မှ[[ဗာရာဏသီမြို့]]မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် ''ဆားနပ်'' ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ ကာလကတ္တားမြို့မှ[[ကာလကတ္တားမြို့]]မှ ဂါယာမြို့သို့[[ဂါယာမြို့]]သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂ မိုင်ဝေး၍တစ်ဖန် ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉ မိုင်ဝေးသည်။ ဗာရာဏသီမြို့မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသော ခရီးကို မြင်းလှည်းဖြင့်ဖြစ်စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့်အလို၊ လက်ဝဲဘက်တောင်ပူစာတစ်ခုပေါ် တွင် ''ချောက်ခဏ္ဍီစေတီ''ခေါ် စေတီတစ်ဆူကိုတွေ့ရသည်။ ထိုစေတီနေရာကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
စာကြောင်း ၈၅ -
* '''[[အသောက ကျောက်စာတိုင်များ|အသောက ကျောက်စာတိုင်]]''' လည်း တည်ရှိသည်။ ကျောက်စာတိုင်မှာ တက်ခ်များ ကျူးကျော်ဝင်ရောက်စဉ်က ပျက်စီးခဲ့ကာ အောက်ခြေသာ နေရာတွင် ကျန်ရှိပြီး ကျန်အစိတ်အပိုင်းများကို ဆားနပ်ပြတိုက်တွင် ပြသထားသည်။
* '''[[ဆားနပ်ပြတိုက်|ဆားနပ် ရှေးဟောင်းသုတေသန ပြတိုက်]]''' တွင် ၄၅ ပေမြင့်သော အသောကကျောက်စာတိုင်ထိပ်မှ ပြုတ်ကျသော်လည်း အံ့ဩဖွယ်ရာကျန်ရှိသော အသောကမင်း၏ အမှတ်တံဆိပ် ခြင်္သေ့ပုံကို ထိန်းသိမ်းပြသထားသည်။ ယင်းခြင်္သေ့တံဆိပ်ပုံမှာ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ် သင်္ကေတနှင့် အိန္ဒိယနိုင်ငံအလံ အဖြစ် အသုံးပြုထားသည်။ ဗုဒ္ဓမြတ်စွာဘုရား ဓမ္မစကြာဟောနေတော်မူဟန် ရုပ်ပွားတော်ကိုလည်း ယင်းပြတိုက်တွင် ပြသထားသည်။
* [[သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလမှ [[ဗုဒ္ဓဂါယာ]]ရှိ ဗောဓိပင်မှ ပွားယူကာ စိုက်ပျိုးထားသော ဗောဓိပင်လည်း တည်ရှိသည်။
 
ဗုဒ္ဓဘာသာဝင်များအဖို့ ဆားနပ်မြို့ (သို့မဟုတ် ဣသိပတန မိဂဒါဝုန်) သည် ထူးမြတ်သော သံဝေဇနိယ လေးဌာနတွင် အပါအဝင်ဖြစ်လေသည်။ အခြားသုံးနေရာမှာ [[ကုသိနာရုံပြည်]]၊ [[ဗုဒ္ဓဂါယာ]]နှင့် [[လုမ္ဗိနီ]]တို့ ဖြစ်သည်။