သားသတ်လွတ်သမ (စာအုပ်): တည်းဖြတ်မှု မူကွဲများ

"{{Italic title}} {{Infobox book |name =သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၃၆၊ ၁၆ နိုဝင်ဘာ ၂၀၁၈ ရက်နေ့က မူ

“သားသတ်လွတ်သမ”စာအုပ်မှာ တောင်ကိုးရီးယားအမျိုးသမီးစာရေးဆရာမ ဟန်ကန်ရေးသားသော The Vegetarian ကို မြန်မာဘာသာပြန် စာရေးဆရာ သင့်လူက ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ ‘ဟန်ကန်’၏ The Vegetarian သည် ၁၉၉၇ ခုနှစ်၌ သူမကိုယ်တိုင်ရေးသားခဲ့သော “The Fruit of My Woman” ဝတ္ထုတိုတွင် အခြေခံခဲ့သည်။ သားသတ်လွတ်သမားတစ်ယောက်အကြောင်း သို့မဟုတ် သစ်ပင်ဖြစ်သွားသူတစ်ယောက်အကြောင်းကို စာပေလက်ရာအဖြစ် ရေးသားရန်စိတ်ကူးကို တက္ကသိုလ်ကျောင်းသူဘဝကတည်းက သူမရရှိခဲ့သည်။ လူသားမှ သစ်ပင် ဖြစ်လာနိုင်သည်ဟု သူမယုံကြည်ခဲ့သည်။ အကြမ်းဖက်ခံရမှုနှင့်လူသားဖြစ်မှုအကြောင်းများကို ‘ဟန်ကန်’သည် စူးစမ်းရှာဖွေခဲ့သည်။ လူသားမျိုးနွယ်စု၏ နေ့စဉ်နှင့်အမျှ အစားအသောက်ရွေးချယ်စားသောက်မှုများကို အရင်းခံအကြောင်းပြု၍ ဝတ္ထုကို ရေးသားခဲ့သည်။ ဝတ္ထုအတွက် လေ့လာမှုများပြုခဲ့သကဲ့သို့ ဗီဒီယိုအနုပညာသမားတစ်ဦးနှင့်စိတ်ကျန်းမာရေးဆေးရုံ၏ ကူညီပေးမှုများကိုလည်း‘ဟန်ကန်’ရရှိခဲ့သည်။ The Vegetarian သည် The Vegetarian, Mongolian Mark နှင့် Flaming Trees ဝတ္ထုလတ်သုံးပုဒ်ကို ပေါင်းစည်းထားသည့် အပိုင်းသုံးပိုင်းပါဝင်သောဝတ္ထုဖြစ်ကြောင်းနှင့် Mongolian Mark သည် တောင်ကိုရီးယား၏ စာပေဆုတစ်ခုဖြစ်သာ Yi Sang စာပေဆုကို ရရှိထားကြောင်းလည်း သိရှိရသည်။

သားသတ်လွတ်သမ
စာရေးသူသင့်လူ
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားဘာသာပြန်
ထုတ်ဝေခြင်း၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ(ပထမအကြိမ်)
ထုတ်ဝေသူငါတို့စာပေ

‘ဟန်ကန်’သည် ဖန်တီးမှုဆိုင်ရာစာပေပညာရပ်ကို ဆိုးလ်အနုပညာကျောင်း(Seoul Institute of the Arts)တွင် သင်ကြားပေးနေသူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထင်ရှားသောစာပေဆုများနှင့်အတူ ထင်ရှားကျော်ကြားသူတစ်ဦးလည်းဖြစ် သည်။ The Vegetarian သည် သူမ၏ ပထမဦးဆုံးသော အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသော စာအုပ်တစ်အုပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်ဆိုသူမှာ ‘စမစ်’ ဖြစ်သည်။ ‘စမစ်’သည် ကိုရီးယားဘာသာစကားကို အသက် ၂၁ နှစ်အရွယ်တွင် စတင်လေ့လာခဲ့သည်။ အင်္ဂလိပ်-ကိုရီးယားဘာသာပြန်သူတစ်ဦးဖြစ်လာစေရန် ဆုံးဖြတ်ခဲ့ပြီး ကိုရီးယားသို့ ပြောင်းရွေ့ခဲ့ သည်။ ‘စမစ်’သည် ‘ဟန်ကန်’၏ “Human Act” ဟုအမည်ရသော ဝတ္ထုကိုလည်း ကိုရီးယားဘာသာမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားသေးသည်။

The Man Booker International Prize ကိုThe Vegetarian သည် ၂ဝ၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။ The Man Booker စာပေဆု သည် စာပေနိုဘယ် ဆုကဲ့သို့ ကမ္ဘာ့စာပေအသိုက်အဝန်းတွင် ဩဇာကြီးမား၍ ထင်ရှားသောစာပေဆုတစ်ခုဖြစ်သည်။ The Vegetarian ကို တောင်ကိုရီးယားနိုင်ငံသူ ဟန်ကန်က မိခင်ဘာသာစကားဖြင့် ရေးသားခဲ့သည်။ ထိုစာအုပ်ကို ဗြိတိသျှ နိုင်ငံသူ စမစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၂ဝဝရ ခုနှစ် အောက်တိုဘာ၌ ဟန်ကင်၏ ပင်ကိုယ်ရေးကိုရီးယားမူ ကို စတင်ဖြန့်ချိခဲ့ပြီး စမစ်ပြန်ဆိုသော အင်္ဂလိပ်ဘာသာပြန်မှုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ၌ ယူကေတွင်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ၌ ယူအက်စ်တွင်လည်းကောင်း ဖြန့်ချိခဲ့သည်။ The Vegetarian ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ထုတ်ဝေသည့်အပြင် ဂျပန်၊ ဒတ်ချ်၊ စပိန်၊ ဗီယက်နမ်၊ ပြင်သစ်၊ ပိုလန်၊ ဂျာမန်၊ အီတလီ၊ ကာတိုနီနှင့် ကာဒ်ဘာသာ စကားများသို့လည်း ဘာသာပြန်ဆို၍ ထုတ်ဝေခဲ့သည်။

ကိုးကား