ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗထူးတပ်မြို့
စာကြောင်း ၅၉ -
ဗထူး တပ်မြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်း မြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်း စီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွားသည်။ ထိုချောင်းမြောင်းများမှ အပ တပ်မြို့ ဧရိသာ တခုလုံးသည် မြက်ခင်းများ ဖုံးနေသော တောင်ကုန်းများ ဖြစ်သည်။
 
တပ်မတော် အရာရှိများ၊ အရာရှိငယ်များ အတွက် လေ့ကျင့်ရေး ကျောင်းများနှင့် တိုက်ခိုက်ရေး ကျောင်းများ ထားရှိရန် လိုလာသဖြင့် နေရာ ရွေးချယ်ခဲ့ရာ၊ ထိုစဉ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သရေစည်သူ ဗိုလ်မှူးချုပ် [[ကျော်ဇော၊ ဗိုလ်ချုပ်|ကျော်ဇော]]၊ အမှတ် (၄) ခြေလျှင် တပ်မဟာမှူး [[သီရိပျံချီ]] ဗိုလ်မှူးကြီး စောမြင့်နှင့် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး သီရိပျံချီ ဗိုလ်မှူးကြီး မောင်မောင်တို့က ယခုနေရာကို ရွေးချယ်ခဲ့ပြီးလျှင် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ အစပြု၍ တပ်မြို့ကို တည်ဆောက်ခဲ့လေသည်။
 
ဗမာ တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့က တပ်မြို့နှင့် အဆောက်အအုံ တဝက်ခန့်ကို ဆောက်လုပ်ခဲ့၍ ကျန် အဆောက်အအုံ ဆောက်လုပ်ရေးကို အင်ဂျင်နီယာများ ဖြစ်သော ဦးစိုးခ၊ ဗိုလ်ကြိုင်၊ မစ္စတာ ချောင်ဒရီတို့က ဆောင်ရွက်ကြသည်။