လယ်ဝေးမြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၆၆ -
'''လယ်ဝေးမြို့နယ်''' သည် [[နေပြည်တော် ပြည်ထောင်စုနယ်မြေ]]တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လယ်ဝေးမြို့နယ်ရှိ လူဦးရေမှာ ၂၈၄,၁၄၄ ယောက်<ref>{{Citation |date=26 August 2014|title= Provisional Results Census 26 August 2014 FINAL|publisher= ပြည်သူ့အင်အားဦးစီးဌာန|page= ၃၆|url= http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|accessdate=February 23, 2015}}</ref> ဖြစ်သည်။
[[File:Lewetownship.jpg|thumb|လယ်ဝေးမြို့]]
 
 
==နယ်နမိတ်နှင့် အကျယ်အဝန်း==
 
အရှေ့ဖက်တွင် ပျဉ်းမနားမြို့နယ်၊တောင်ဖက်တွင်ရေတာရှည်မြို့နယ်၊အနောက်ဖက်တွင်တောင်တွင်းကြီးမြို့နယ်၊မြောက်ဖက်တွင် ဒက္ခိဏသီရိမြို့နယ်၊ပျဉ်းမနားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။အရှေ့မှအနောက်သို့(၄၇.၀၂)မိုင် ၊တောင်မှမြောက်သို့ (၁၈.၆၄)မိုင်ရှည်လျားပြီး စတုရန်းမိုင်ပေါင်း (၈၇၂.၂၄၈) မိုင် ကျယ်ဝန်းသည်။
 
==မြေမျက်နှာသွင်ပြင်==
 
လယ်ဝေးမြို့နယ်၏ အနောက်ဖက်တွင် ပဲခူးရိုးမတောင်တန်း၊အရှေ့ဖက်တွင် ရှမ်းရိုးမတောင်တန်းများတည်ရှိပါသည်။လွင်ပြင်များသီးခြားမရှိဘဲ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး(၂၁၀)ပေ၊အမြင့်ဆုံး (၂၀၉၀)ပေတွင် တည်ရှိသည်။
 
==အုပ်ချုပ်ရေးနယ်မြေ==
 
လယ်ဝေးမြို့နယ်ကို မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ကျေးရွာအုပ်စု (၆၀)အုပ်စုနှင့် ကျေးရွာပေါင်း (၂၆၁)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
 
==ရာသီဥတုနှင့် သဘာဝပေါက်ပင်==
 
လယ်ဝေးမြို့နယ်သည် အပူပိုင်းမုတ်သုန်ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ( 40) ဒီဂရီC နှင့် အနိမ့်ဆုံးအပူချိန် (22)ဒီဂရီ C ဖြစ်ပါသည်။လယ်ဝေးမြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွှမ်းမှု (၇၅)ရာခိုင်နှုန်းဖြစ်ပြီး ၎င်းအနက်မှ ကြိုးဝိုင်းသစ်တောနှင့်ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ (၆၈)ရာခိုင်နှုန်းဖြစ်သည်။သဘာဝပေါက်ပင်များအနေဖြင့် အဖိုးတန်သစ်များဖြစ်သော ကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊အင်ကြင်း၊သစ်မာနှင့် အခြားသစ်၊ဝါးမျိုးစုံပေါက်ရောက်တွေ့ရှိရသည်။
 
==စီးပွားရေး==
 
နေပြည်တော်ကောင်စီနယ်မြေအတွင်းပါဝင်ကာ အဓိကလမ်းမကြီးများဆုံရာ ဆက်သွယ်မှုလမ်းကြောင်းပေါ်တွင်တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကရောင်းဝယ်ဖောက်ကားကြသည်။
 
လယ်ယာ၊ကိုင်းကျွန်း၊ဥယျာဉ်ခြံမြေ နှင့် စားကျက်မြေ အမျိုးအစားစုံလင်စွာရှိပြီး စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံ၊စက်မှုကုန်ကြမ်းသီးနှံများ၊ဥယျာဉ်ခြံသီးနှံများအပြင် စျေးကွက်ဝင် အခြားရာသီပေါ်သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်။
 
 
မြို့နယ်အတွင်း မွေးမြူရေးဇုန် (၂)ခု ရှိသည်။ ကြက်၊ဝက်၊ဘဲ၊ကျွဲ၊နွား၊သိုး၊ဆိတ်၊ငုံး၊နို့စားနွား၊ငါး၊ပုဇွန် စသည့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ခရီးသွားလုပ်ငန်းများ၊အရောင်းအဝယ်လုပ်ငန်းများ၊စက်မှုလက်မှု လုပ်ငန်းများ၊ပရိဘောဂလုပ်ငန်းများ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ကြသည်။
 
==ပညာရေး==
 
လယ်ဝေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊အလယ်တန်းကျောင်းပေါင်း(၁၆)ကျောင်း၊မူလတန်းကျောင်းပေါင်း(၂၂၆)ကျောင်း၊မူလတန်းကြိုကျောင်း (၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း (၉)ကျောင်း တည်ရှိပါသည်။စာတတ်မြောက်မှုရာခိုင်နှုန်းမှာ (၉၉.၉၅)ဖြစ်သည်။
 
==ကျန်းမာရေး=
 
မြို့နယ်အတွင်း ကုတင်(၁၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ(၁)ရုံ၊အစိုးရတိုက်နယ်ဆေးရုံ (၃)ရုံ၊ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၀) ခု နှင့် ပုဂ္ဂလိကဆေးပေးခန်းပေါင်း (၉)ခုရှိသည်။
 
==ဓာတ္ပုံမ်ား==