ဗြိတိသျှအင်ပါယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဗြိတိသျှ အင်ပါယာ သည် ယူနိုက်တက်ကင်းဒမ်း(United Kingdom)မှ အုပ်ချုပ်သော သို့မဟုတ် စီမံခန့်ခွဲသော ဒိုမီနီယမ်များ၊ ကိုလိုနီများ၊ အထိန်းသိမ်းခံနိုင်ငံများ၊ အုပ်ချုပ်ပိုင်ခွင့်အောက်တွင် ထားရှိသောနိုင်ငံများနှင့် အခြားနယ်ပယ်များတို့နှင့်ဖွဲ့စည်းထားရှိခဲ့ပြီး၎င်းတို့သည်၁၆ရာစုနှောင်းပိုင်းနှင့်၁၇ရာစုအစောပိုင်းတို့တွင်အင်္ဂလန်မှထူထောင်ခဲ့သောပင်လယ်ရပ်ခြားကိုလိုနီများ၊အရောင်းအဝယ်ဋ္ဌာနများတို့နှင့်အတူ ပေါ်ပေါက် ခဲ့သည်။ ၎င်းအထွတ်အထိပ်ဖြစ်နေချိန်တွင် သမိုင်းတွင် အကြီးဆုံးသော အင်ပါယာ တစ်ခုဖြစ်ခဲ့ပြီး ရာစုနှစ်တစ်ခုကျော် တိုင်အောင် အထင်ကရဖြစ်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာသည် ထိုအချိန်က ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံဖြစ်သောလူဦးရေ ၄၅၈ သန်း ကျော်ခန့် ကို သြဇာလွှမ်းမိုးခဲ့ပြီး အကြမ်းအားဖြင့် ကမ္ဘာ၏စုစုပေါင်း မြေပြင်ဧရိယာ လေးပုံတစ်ပုံဖြစ်သော ၁၃၀၀၀၀၀၀ စတုရန်းမိုင်ကျော် (၃၃၆၇၀၀၀၀ စတုရန်း ကီလိုမီတာ) ကို ဖုံးလွှမ်းခဲ့သည်။
[[File:Flag of the United Kingdom.svg|thumbright|100px|ဗြိတိသျှအလံတော်300px]]
[[File:The British Empire.png|thumb|300px|ဗြိတိသျှအလံတော် နှင့် တစ်ချိန်က ဗြိတိသျှ အင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ကြသော ကမ္ဘာပေါ်ရှိ နယ်မြေများ။ လက်ရှိ ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများ ကို အနီရောင် အောက်ခံမျဉ်းသား ထားသည်။]]
 
 
Line ၁၂ ⟶ ၁၃:
==ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်တိုးမြှင့်ခြင်း==
၁၈၁၅ ခုနှစ် Napoleonic France (နပိုလီယန် ပြင်သစ်) ကို အနိုင်ရပြီးနောက်တွင် ဗြိတိန်တို့သည် ရာစုနှစ်တစ်ခု လုံးတွင် ပြိုင်ဘက် ကင်းသော သြဇာလွှမ်းမိုးမှုကို လက်တွေ့အားဖြင့် အကျိုးခံစားခဲ့ပြီး ၄င်း၏ အင်ပါယာ ဦးပိုင်များကို တစ်ကမ္ဘာလုံး အနှံ့ချဲ့ထွင်တော့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်တိုးမြှင့်ခြင်းများကို ၄င်းတို့ လူမျိုး လူဖြူများ အခြေချသည့် ကိုလိုနီ နယ်မြေများ အားပေးအပ်ခဲ့ပြီး ၎င်းတို့အနက်အချို့မှာ ဒိုမီနီယမ်များအဖြစ် ပြန်လည်၍ အဆင့်ခွဲခြားခြင်း ခံရသည်။
၁၉ ရာစု နှောင်းပိုင်းတွင် ဂျာမနီ နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကြီးထွားလာမှုသည် ဗြိတိန်၏ စီးပွားရေး ဦးဆောင်မှုကို တစ်စထက်တစ်စ ဆုတ်ယုတ်စေခဲ့သည်။ ဗြိတိန် နှင့် ဂျာမနီ တို့အကြားတွင် နောက်ဆက်တွဲ ဖြစ်ပေါ် သော စစ်ရေးနှင့် စီးပွားရေး တင်းမာမှုများသည် [[ပထမ ကမ္ဘာစစ်]] ဖြစ်စေသည့် အဓိက အကြောင်း အရင်းများ ဖြစ်ပြီး ထိုအတောအတွင်းတွင် ဗြိတိန်သည် ၄င်း၏အင်ပါယာ အပေါ်တွင် အလွန်အမင်း မှီခို အား ထားခဲ့သည်။ ထိုတိုက်ပွဲသည် ဗြိတိန်တို့အပေါ်တွင် မြောက်မြားစွာသော ဘဏ္ဍာရေး ဝန်ပိခြင်းကို ဖြစ်ပေါ် စေပြီး စစ်ပြီးနောက် တွင် အင်ပါယာသည် ၄င်း၏ အကြီးဆုံးသော နယ်မြေအကျယ်အဝန်းကို အောင်မြင် ရရှိခဲ့ သော်လည်း ၎င်းသည် ပြိုင်ဘက်ကင်းသော စက်မှုလုပ်ငန်းဆိုင်ရာ သို့မဟုတ် စစ်ရေးဆိုင်ရာ အင်အားကြီးနိုင်ငံ အဖြစ်တည်ရှိတော့ မည်မဟုတ်ပါ။ [[ဒုတိယကမ္ဘာစစ်]] တွင် [[အရှေ့တောင်အာရှ]] ရှိ ဗြိတိသျှ ကိုလိုနီနယ်မြေများ သည်ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံရပြီး ဗြိတိသျှ၏ အောင်မြင်မှုရှိနေသေး သော်ငြားလည်း ၄င်းတို့၏ ဂုဏ်သိက္ခာ ကို ပျက်စီးစေ၍ အင်ပါယာ ကျဆုံးခြင်းကို အရှိန်မြှင့်ပေးခဲ့သည်။ စစ်ကြီးပြီးဆုံးပြီး နှစ် နှစ် အတွင်းတွင် ဗြိတိန် သည် ၎င်း၏ လူဦး ရေ အထူထပ်ဆုံးနှင့် တန်ဖိုးအရှိဆုံး ကိုလိုနီဖြစ်သော [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] ကို လွတ်လပ်ရေး ပေးခဲ့ ရသည်။[[Image:Grand fleet jutland.jpg|thumb|200px|left|ဂရန့်ဖလဲ့ သင်္ဘောများ ဂျန့်လန့် မှထွက်ခွာလာစဉ်(ပထမကမ္ဘာစစ်အတွင်း)]]
၂၀ ရာစု၏ ကျန်ရှိသည့်အပိုင်းတွင် အင်ပါယာ၏ နယ်မြေပိုင်နက်အများစုသည် ဥရောပအင်အားကြီးနိုင်ငံများ၏ ကြီးမားသော တစ်ကမ္ဘာလုံးဆိုင်ရာ ကိုလိုနီနိုင်ငံကို လွတ်လပ်ရေးပေးရေးလှုပ်ရှားမှု ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြင့် လွတ်လပ်ရေးရလာကြပြီး ၁၉၉၇ တွင် [[ဟောင်ကောင်]]ကို [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]သို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင် ယခင် ဗြိတိသျှ ကိုလိုနီနိုင်ငံ အများအပြား သည် ဓနသဟာယနိုင်ငံများ၊ လွတ်လပ်သောတိုင်းပြည်များ၏ လွတ်လပ်သည့်အသင်းကြီးသို့ ပူးပေါင်းဝင် ရောက်ခဲ့သည်။ [[ဓနသဟာယနိုင်ငံ]] တစ်ဆယ့်ခြောက်နိုင်ငံသည် ၄င်းတို့ တိုင်းပြည်၏ အကြီးအကဲ Queen Elizabeth II (ဘုရင်မ အဲလိဇဘက် II ) အား ဓနသဟာယနိုင်ငံများတွင် ဘုရင်မအုပ်စိုးခြင်း အဖြစ် မျှဝေ ခံယူကြသည်။ နယ်မြေဒေသ ဆယ့်လေးခုသည် ဗြိတိသျှအချုပ်အခြာ အာဏာအောက်တွင် ဗြိတိသျှ ပင်လယ် ရပ်ခြားနယ်မြေဒေသများအဖြစ် ဆက်လက်တည်ရှိနေသည်။
 
Line ၂၀ ⟶ ၂၁:
ယူနိုက်တက် ကင်းဒမ်း (United Kingdom)သည် ဗြိတိသျှကျွန်းများအပြင်ဘက်ရှိ နယ်မြေဒေသ ၁၄ ခု အပေါ်တွင် အချုပ်အခြာ အာဏာကို ထိန်းသိမ်းထားပြီး ၎င်းတို့အား ၂၀၀၂ ခုနှစ် တွင် ဗြိတိသျှပင်လယ်ရပ်ခြား နယ်မြေဒေသများဟု ပြန်လည်အမည်ပေးခဲ့သည်။အချို့မှာ ယာယီစစ်ရေးကိစ္စများ သို့မဟုတ် သိပ္ပံပညာရပ်ဆိုင်ရာ အမှုထမ်းများ အတွက်သာဖြစ်ပြီး လူနေထိုင်ခြင်းမရှိပါ၊ ကျန်ရှိသည်များမှာ ကွဲပြားသော အဆင့်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြပြီး နိုင်ငံခြားဆက်သွယ်ရေးနှင့် ကာကွယ်ရေးအတွက် ယူနိုက်တက် ကင်းဒမ်းအပေါ်တွင် အားထားနေရ သည်။ မည်သည့်ပင်လယ်ရပ်ခြားနယ်မြေဒေသမဆို ရွေးချယ်စရာနည်းလမ်းအဖြစ်ရှိသော လွတ်လပ်ရေးကို ရရန် ရှေ့ဆက်သွားလိုသော ဆန္ဒရှိပါက ဗြိတိသျှအစိုးရသည် ကူညီရန် လိုလိုလားလားရှိသည်ဟု ကြေငြာခဲ့သည်။ မြောက်မြားစွာသော ပင်လယ်ရပ်ခြားနယ်မြေဒေသများအပေါ်တွင် ရှိသော ဗြိတိသျှ၏ အချုပ်အခြာ အာဏာသည် ၎င်းတို့၏ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းနိုင်ငံများမှ အငြင်းပွားခြင်းခံရသည်- စပိန်မှ ဂျီဘရော်ဒါ ကိုတောင်းဆိုသည်၊ ဖော့(ခ်)လန်ကျွန်းများနှင့် ဂျော်ဂျီယာ တောင်ပိုင်း နှင့် တောင်ဘက်ပိုင်း ကြား ညပ်နေသော ကျွန်းများကို အာဂျင်တီးနားမှ တောင်းဆိုသည်၊ ဗြိတိသျှ အိန္ဒိယ သမုဒ္ဒရာ နယ်မြေဒေသ ကို မာယူတီးယပ်(စ်) နှင့် ဆေးချီးလက်(စ်) မှတောင်းဆိုသည်။ဗြိတိသျှ အန္တာတိကနယ်မြေကို အာဂျင်တီးနား နှင့် ချီလီ တို့၏ တောင်းဆိုခြင်းများ ထပ်ချင်ထပ်နေနိုင်သော်လည်း မည်သည့်နယ်မြေဒေသ၏ အန္တာတိကကို တောင်း ဆိုခြင်းများကိုမှ နိုင်ငံများစွာတို့သည် အသိအမှတ်မပြုပါ။
 
[[File:BritishEmpire1815.png|thumb|200px|left|ဗြိတိသျှ အင်ပါယာသည် နပိုလီယံ၏ အောင်မြင်မှုနယ်မြေများကိုလည်း ရရှိခဲ့သည်။]]
[[File:BritEmpire.3.map.png|thumb|200px|left|]]
 
==ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေဒေသများ တစ်ဆယ့်လေးခု==