မဲဆောက်မြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၁၃၀ -
စစ်အစိုးရခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ သည် ၂၀၁၅ ခုနှစ် မေလတွင် သူ၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ပုဒ်မ ၄၄ အရ ယာယီကြေငြာချက်ထုတ်ပြန်ခဲ့ပြီး မဲဆောက်၏ ဒိစတြိတ်ခွဲဖြစ်သော သာဆိုင်လတ် ဒိစတြိတ်ခွဲရှိ ဝမ်တာ့ခ်ဟန် ဒေသကို အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ လက်ရှိ အစီအစဉ်အရ သာဆိုင်လတ် ရှိ ၂,၂၀၀ ရိုင် (၈၈၀ ဧကခန့်) မျှ ရှိသော မြေများကို အထူးစီးပွားရေးဇုန် အဖြစ် ပြောင်းလဲရန် ဖြစ်သည်။ အစိုးရမှ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသော ရွာသားများအား ၎င်းတို့ ပိုင်ဆိုင်သော မြေ ၁ ရိုင်လျှင် ၇,၀၀၀ မှ ၁၂,၀၀၀ ဘတ်အထိ လျော်ကြေးပေးခဲ့ပြီး အခြား ဒိစတြိတ်တစ်ခု ဖြစ်သော တာ့ခ်တွင် ပြန်လည် နေရာ ချပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ပေါက်ဈေးအရ မဲဆောက်တွင် မြေ ၁ ရိုင်လျှင် ဘတ် ၁ သန်း ခန့်မျှ ပေါက်ဈေးရှိသဖြင့် ရွာသားများက လျော်ကြေးပေးရန် ကမ်းလှမ်းမှုကို ငြင်းဆိုကြသည်။ <ref>{{cite news|title=Local farmers suffer as Thai junta pleases big companies|url=http://www.prachatai.com/english/node/6345|accessdate=12 July 2016|work=Prachatai English|date=2016-07-11}}</ref>
==ရာသီဥတု==
မဲဆောက်တွင် ကော့ပန် ရာသီဥတု အမျိုးအစားအရ အပူပိုင်း ဆဗားနား ရာသီဥတု ရှိသည်။ ဆောင်းရာသီသည် ခြောက်သွေ့ပြီး အလွန်ပူသည်။ အပူချိန်သည် ဧပြီလ အထိ တိုးလေ့ ရှိပြီး ဧပြီလတွင် ပျမ်းမျှ နေ့စဉ် အပူးဆုံး အချိန်မှဦ ၃၆.၈° ဆဲလ်စီးယပ် (၉၈.၂° ဖာရင်ဟိုက်) ရှိသည်။ မုတ်သုံ ရာသီဥတုသည် မေလ မှ အောက်တိုဘာလ အထိ ရှိတတ်ပြီး နေ့ဘက်တွင် မိုးအလွန်များ၍ အနည်းငယ်မျှ အေးမြသော အပူချိန် ရှိတတ်ကာ ညဘက်တွင်မူ ပူပြင်းလျှက်ပင် ရှိသည်။
==နာမည်ကျော် နေရာများ==
မဲဆောက်မြို့တွင် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ဖွင့်လှစ် ထားသည်။
==ကိုးကား==
|