နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၃ -
မြန်မာနိုင်ငံနှင့် [[အမေရိကန်နိုင်ငံ]]တို့တွင် [[ဗုဒ္ဓဘာသာ]]သင်တန်းများပို့ချပြီး ([[၁၉၈၇]] ခုနှစ်က ဦးနုသည် [[မြောက်အီလီနွိုင်း တက္ကသိုလ်]]တွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပို့ချခဲ့သည်။) မထင်မရှားနေနေခဲ့ပြီး ဦးနုသည် [[ရှစ်လေးလုံးအရေး]]တော်ပုံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကို ထောင်ကာ ပြန်လည်လှုပ်ရှားခဲ့သည်။ လန်ဒန်မြို့တွင် [[၁၉၆၉]] ခုနှစ်က သူသည် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်‌ဖြစ်ကြောင်း ကြေငြာခဲ့သည်ကို ပဲ့တင်ထပ်၍ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၉]] ရက်တွင် ထပ်မံ၍ ကြေငြာခဲ့ပြန်သည်။ ဒေါ်[[အောင်ဆန်းစုကြည်]]နှင့် ဗိုလ်မှူးချုပ်ဟောင်း [[အောင်ကြီး]](ရှစ်လေးလုံး ကာလက အတိုက်အခံ နိုင်ငံရေးသမား) တို့အား ကြားဖြတ် အစိုးရဖွဲ့ရန် ကမ်းလှမ်းချက်ကို ၎င်းတို့မှ လက်မခံခဲ့ပေ။ သူသည် လက်မလျှော့ပဲ သူ၏ အစိုးရကို [[၁၉၆၂]] ခုနှစ်က ဖြုတ်ချခဲ့သည့် သမ္မတဟောင်း [[မန်းဝင်းမောင်]]ကို သမ္မတနေရာတွင် ပြန်လည် ခန့်အပ်လျက် ဖွဲ့စည်းခဲ့သည်။ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၁၈]] ရက်တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီးနောက် နဝတမှ ဦးနုအား ၎င်း၏ကြားဖြတ်အစိုးရအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးနုမှ မလိုက်လျောခဲ့ပေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဦးနုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းထားလိုက်သည်။ ထိုစဉ်က နဝတပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူ့အားနိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုံးတင်တရားစွဲဆို၍ ရသော်လည်း အသက်အရွယ်ကြီးရင့်ပြီဖြစ်ခြင်းနှင့် လွပ်လပ်ရေးကြိုးပမ်းအားထုတ်မှုများကြောင့် သူ့အားတရားမစွဲဆိုခြင်း ‌ဖြစ်ကြောင်းပြောကြားခဲ့သည်။ [[၁၉၉၂]] ခုနှစ် [[ဧပြီ ၂၃]] ရက် နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး[[စောမောင်]] ([[၁၉၉၇]] ခုနှစ် ဇူလိုင် ကွယ်လွန်) အား အာဏာစွန့်လွှတ်စေခဲ့သည့် တစ်ရက်တည်းတွင် ၎င်းအားပြန်လွှတ်ခဲ့သည်။ ထိုနေ့တွင်ပင် ယခုလက်ရှိ နိုင်ငံတော် [[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး [[သန်းရွှေ]]က အာဏာလွှဲပြောင်း ရယူခဲ့သည်။
 
[[File:U Nu & Mahatma Gandhi Dec 1947.jpg|thumb|မဟတ္တမ ဂန္ဒီ လုပ်ကြံမခံရမီ လပိုင်းအလိုတွင် ဦးနု မှလပိုင်းအလို ၁၉၄၇ ဒီဇင်ဘာတွင် မြန်မာ့ခမောက်အားဦးနု လက်ဆောင်ပေးနှုတ်ဆက်စကားပြောနေပုံနှင့်တွေ့ဆုံနေပုံ]]
[[File:UNu Family.jpg|thumb|ဦးနု မိသားစု]]