အကူအညီ:ဖိုင်စာမျက်နှာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃ -
ဝီကီပီးဒီးယား သို့မဟုတ် ဝီကီမီဒီယာ ကွန်မွန်းသို့ ပုံ၊ ဗီဒီယို သို့မဟုတ် အသံဖိုင်ကို [[Help:ဖိုင်များ|upload တင်]]လိုက်သည့်အခါ သက်ဆိုင်ရာ '''ဖိုင်စာမျက်နှာ''' ('''ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာ''' သို့မဟုတ် '''ပုံအကြောင်း ဖော်ပြချက် စာမျက်နှာ''')သည် ဖန်တီးပြီး ဖြစ်သည်။ ထိုစာမျက်နှာများ၏ ရည်ရွယ်ချက်မှာ ဖိုင်နှင့်ပတ်သက်သော အချက်အလက်များဖြစ်သည့် ဖိုင်ဖန်တီးသူ၊ ဖန်တီးသည့်နေ့ရက်၊ ဖိုင်တင်ခဲ့သူနှင့် အခြားပြင်ဆင်ပြောင်းလဲချက်များ ပြုလုပ်ထားမှုများအား ဖော်ပြပေးနိုင်ရန် ဖြစ်သည်။ ထို့အပြင် ဖိုင်အကြောင်းအရာ၊ မည်သည့်နေရာတွင် အသုံးပြုထားသည်နှင့် လိုင်စင် သို့မဟုတ် မူပိုင်ခွင့် အချက်အလက်များကိုလည်း ဖော်ပြပေးနိုင်ရန် ဖြစ်သည်။
 
ဖိုင်စာမျက်နှာပေါ်ရှိ ပုံ သို့မဟုတ် ဗီဒီယိုဖိုင်အား ကြည့်ရှုရန်အတွက် ပုံကို နှိပ်ပြီး ကြည့်ရှုနိုင်သည်။ အသံဖိုင်အတွက် အသံဖိုင်လင့်ခ်အနီးရှိ အချက်အလက်ခလုတ်ပုံ [[File:Crystal Project Documentinfo.png|20px]] ကို နှိပ်ကာ နားဆင်နိုင်သည်။
 
ဖိုင်စာမျက်နှာတစ်ခုတွင် အစိတ်အပိုင်း ငါးခု ပါဝင်သည်။