ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၇ -
ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလောင်ကုန်းရွာသား ဦးမြတ်သူ၊ (၆) ရွာကောက်ကြီးသား ဦးရန်လုံ၊ (၇)သစ်တပ်ရွာသား ဦးသာချော၊ (၈) ရွှေပေးရွာသား ဦးရန်အောင်၊ (၉) ရေပြာရွာသား ဦးရန်ကင်းတို့ဖြစ်သည်။
 
နယ်ကျန်။ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သိမ်းယူခဲ့သည်။ ကေတုမတီ ၅၅ မြို့နှင့် အောက်မြန်မာပြည်မှာ အင်္ဂလိပ်တို့ လက်အောက်ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်မြန်မာနယ်ခြား ကျောက်တိုင်ကို ယခုရေနီဘူတာမြောက်ဘက်အနီး အင်ပင်တွင် ကျောက်တိုင် စိုက်ထူသည်။ တောင်ငူ ၅၅ မြို့အနက် ၁၂ မြို့ကို ချန်ထားပြီး ပေးအပ်သဖြင့် နယ်ကျန် ၁၂ မြို့ဟူ၍ခေါ်တွင်သည်။ ၎င်းနယ်ကျန်မြို့များမှာ တောင်ညို၊ ဝါးနွယ်ကုန်း(ယခု [[လယ်ဝေး]])၊ မင်းပြင်၊[[မင်းပြင်]]၊ ရန်အောင်မြင်၊ ဝက်ကမူ၊ သစ်တပ် တောင်ဝင်၊ ဇေယျသိမ် (ယခုအေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ယခုကျည်တောင်ကန်)နှင့် ကျည်တောင့်ခေါမတို့ဖြစ်သည်။
 
နယ်ကျန် ၁၂ မြို့တွင် ယခုပျဉ်းမနားမြို့ဖြစ်သော (နင်းကြမ်း)မြို့သည် လူနေအိမ်ခြေအထူထပ်ဆုံး၊ လမ်းပန်းအဆက်အသွယ်အကောင်းဆုံးဖြစ် ခြင်းကြောင့် (နယ်ကျန်)မြို့ဟူ၍ ခေါ်တွင်သည်။ မြန်မာနိုင်ငံသမိုင်းတွင် မင်းတုန်းမင်းတရားလက်ထက် သမန်ဘန်းကြီးအား နယ်ကျန်မြို့ဝန်ခန့်လျက် ဦးအယ်မောင်အား မြို့သူကြီးခန့်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။
စာကြောင်း ၄၉ -
ကူးသန်းရောင်းဝယ်ရေးအတွက် မီးရထား၊ မော်တော်ကား၊ နွားလှည်း၊ မြင်းလှည်း တို့ကို အသုံးပြုသည်။ (က) ပျဉ်းမနားမြို့မှ [[လယ်ဝေးမြို့]]နှင့် [[တောင်တွင်းကြီးမြို့]]တို့ကို ဖြတ်၍ ပဲခူးရိုးမကို ဖြတ်ကျော်ပြီးလျှင် အနောက်မြောက်ဘက် ၁၃၉ မိုင်အကွာတွင် ရှိသော [[ကျောက်ပန်းတောင်းမြို့]]သို့ မီးရထားလမ်းတစ်လမ်း၊ (ခ) အနောက်ဘက် မိုင် ၅၀ ကျော် ကွာဝေးသော [[တောင်ညိုရွာ]]သို့ မော်တော်ကားလမ်းတစ်လမ်း၊ (ဂ) အရှေ့ဘက် ၇ မိုင်ခန့် ကွာဝေးသော [[ပေါင်းလောင်းမြစ်]]ကမ်းသို့ မော်တော်ကားလမ်း တစ်လမ်း ရှိသည်။ ထိုမော်တော်ကားလမ်းများသည် ကျွန်းနှင့် ပျဉ်းကတိုး သစ်လုပ်ငန်းများအတွက် အသုံးဝင် အရေးပါသော လမ်းများ ဖြစ်သည်။ ပျဉ်းမနားမြို့ မြူနီစီပယ်အဖွဲ့ကို ခရစ်နှစ် ၁၈၈၈ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စက်ရှင်ရုံး၊ နယ်ပိုင်ရုံး၊ တရားမရုံး စသော အဆောက်အအုံများသည် မြို့၏ အနောက်ဘက်ကုန်းမြင့် တောင်ပူစာလေးများပေါ်တွင် တည်ရှိကြသည်။ မြို့၏ အရှေ့ဘက် လယ်ယာ ကိုင်းခင်းများနှင့် [[စစ်တောင်းမြစ်]]တို့ကို ဖြတ်ကျော်၍ မျှော်ကြည့်လိုက်လျှင် ညို့မှိုင်းနေသော [[ရှမ်းရိုးမ]] တေင်တန်း၏ တောင်စွယ်ဖြစ်သည့် [[ဆင်ဖြူတောင်]] နှင့် [[လှေခွင်းတောင်]] တို့ကို ကြည်နူး လွမ်းဆွတ်ဖွယ်ရာ တွေ့မြင်နိုင်သည်။ ဆင်ဖြူတောင်၌ ညီမ မမယ်ဖြူ လေထွင်းတောင် (ရှေးအခေါ် လှေခွင်းတောင်) ၌ အစ်မမယ်ညို နတ်ညီအစ်မ နှစ်ဦးအတွက် တည်ထားသော ဘုရားများ၌ နှစ်စဉ် [[တန်ခူး]]လတွင် ဘုရားပွဲတော်များ ကျင်းပကြသည်။ ဆင်ဖြူတောင်ခြေတွင် [[ကိုးခန်းဇရပ်ကြီး]]တည်ရှိသည်။
 
ပျဉ်းမနားမြို့၏တောင်ဖျား၌ [[ပဉ္စမသင်္ဂါယနာ]]တင် [[မင်းတုန်းမင်း]]တရားကြီး တည်ထားတော်မူခဲ့သော [[လောကမာရဇိန်ဘုရား]]ကြီး(မြန်မာသက္ကရာဇ် ၁၂၃၄) ရှိသည်။ ယင်းဘုရားကြီးအနီးတွင် လက်ဝဲဝင်းတော်မှူး၊ မြင်စုကြီးဝန် နှင့် မြို့နယ်လူထုတို့က မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌ [[လောကရန်နှိမ်ဘုရား]]ကြီးကို တည်ကြလေသည်။ ယင်းဘုရားကြီး၏ ခြေတော်ရင်းတွင် ၁၂၉၆ ခုနှစ်က ဆောက်လုပ်ခဲ့သော [[ကိုးခန်းဇရပ်ကြီး ]]တစ်ဆောင်ရှိသည်။
 
ရှေးက ရှမ်းလူမျိုးများ နေထိုင်ခဲ့ဖူး၍ ယခု ရှမ်းကျောက်တောင် ဟုခေါ်သော တောင်ကို အမှီပြုပြီးလျှင် ချိုင့်ဝှမ်းနေရာတွင် ကန်တစ်ခု ရှိရာ ရှမ်းကန် ဟုခေါ်သည်။ မြို့၏ ကျက်သရေဆောင် တစ်ခု ဖြစ်သည်။ ပျဉ်းမနားမြို့၏ ထူးခြားချက်တစ်ခုမှာ မြို့၏ အရှေ့ဘက်ပိုင်း၌ [[ရေငန်]]သာရသည်။ သောက်ရန်[[ရေချို]]ကို မြို့၏ အနောက်ဘက်ပိုင်း ကျောက်တောင်အရပ်မှ ရသည်။ <ref>[http://loyalhero23.blogspot.com/2009/11/blog-post.html?m=1 လှေခွင်းတောင်သမိုင်း]</ref>