ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၀ -
 
 
ကင်းဝန်မင်းကြီးသည် မိမိ၏ အရှင်ပေါ်၌ သစ္စာရှိသည်။ `ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်´ ဆိုသော စကားတို့မှာ မမှန်ချေ။ အင်္ဂလိပ်တို့ ချီတက်လာစဉ် သီပေါမင်းတရား လွတ်ရာသို့ရှောင်ရှားကာ ပြန်လည်ခုခံနိုင်ဖို့ အကြံဉာဏ်ပေးခဲ့၏။ သို့ရာတွင် ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားနှင့် မိဘုရားခေါင်ကြီး စုဘုရားလတ်တို့ မမာမကျန်းဖြစ်ခြင်း၊ သမီးတော်များ ငယ်ရွယ်ခြင်းစသည့် အကြောင်းတို့ကြောင့် ဘုရင်ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆိုးခဲ့၏။ငြင်းဆိုခဲ့၏။ ကင်းဝန်မင်းကြီးသည် လူသတ်ဝါဒကို လုံးဝမနှစ်မြို့။ မင်းတုန်းမင်း နတ်ပြည်စံ၍ မင်းပြောင်းမင်းလွှဲတွင် မင်းညီမင်းသားတို့အား စီစဉ်ရန် ကြံစည်ကြစဉ် မိမိစွမ်းအားရှိသမျှ ဟန့်တားကန့်ကွက်ခဲ့၏။
 
မိမိတန်ခိုးမှိန်စဉ်တွင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့သော်လည်း မိမိဆောင်ရွက်နိုင်သည့်အခါ၌ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ပါး ကင်းဝန်မင်းကြီးသည် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့၏။ ၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။