ဟင်နရီ မော်တန် စတန်လေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆ -
အင်္ဂလန်ပြည် မိမိသွားလိုသော ဒေသသို့ မရောက်ရောက်အောင် ကြိုးစား၍ သွားလေ့ရှိသော ဇွဲသတ္တိကြောင့် စတန်လေသည် စွန့်စားမှုအဖုံဖုံတို့ဖြင့်သာ ပြည့်နှက်လျက်ရှိပေသည်။ စတန်လေ၏ ငယ်နာမည်မှာ ဂျွန်ရိုစဉ်က FESTIVALမေရိကန်နိုင်ငံ နယူးအော်လီယန်းမြို့သို့ ထွက်ပြေးခဲ့ရာ ထိုမြို့၌ စတန်လေ အမည်ရှိ အမေရိကန်လူမျိုး ကုန်သည်ကြီးတစ်ဦးက သူ့အား သားအမှတ်ဖြင့် မွေးစားသောကြောင့် ဟင်နရီ မော်တန်စတန်လေ ဖြစ်လာသည်။စတန်လေသည် အမေရိကန် ပြည်တွင်းစစ်ပွဲ၌ တောင်ပိုင်းသားများဖက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၁၈၆၇ ခုနှစ်၌ နယူးယော့မြို|ရှိ နယူးယော့ဟယ်ရယ် သတင်းစာတိုက်တွင် သတင်းထောက်အဖြစ်ဖြင့် ဆောင်ရွက်လေသည်။ ထိုစဉ်က စတန်လေသည် စိတ်ဝင်စားဖွယ် ကောင်းသော ဒေသန္တရ ဆောင်းပါးများကို ရေးသားခဲ့၏။ ဤကဲ့သို့ ဆောင်းပါးကောင်းများ ရေးသားနိုင်ရန်နှင့် သတင်းဦးရရှိရေးအတွက် စတန်လေသည် အက်ဗီဆီးနီးယား၊ အရှန္တီ၊ ကရိကျွန်း၊ စပိန်၊ အာဖရိကအစရှိသည့် အရပ်များသို့ စွန့်စွန့်စားစား သွားရောက်ခဲ့လေသည်။ ထိုသို့ စွန့်စား၍ သွားရောက်ရခြင်းကြောင့် အာဖရိကတောနက်ကြီးများ အတွင်း၌ ဖြတ်သန်းသွားလာခဲ့ရသော စတန်လေ၏ အာဖရိကခရီးစဉ်မှာ မှတ်သားလောက်ပေသည်။
 
အာဖရိကတိုက်သို့ သာသနာပြုရန် ထွက်ခွာသွားသော စကော့လူမျိုး သာသနာပြုဆရာ ဒေါက်တာ ဒေးဗစ်လစ်ဗင်း[[ဒေးဗစ် စတုန်း၏အကြောင်းကိုလစ်ဗင်းစတုန်း]]၏အကြောင်းကို ငါးနှစ်တိုင်တိုင် မည်သို့မျှ အကျိုးအကြောင်း မကြားသိရသဖြင့် နယူးယော့ဟယ်ရယ်သတင်းစာ တိုက်က စတန်လေကိုပင် အာဖရိကတိုက်သို့ စေလွှတ်၍ စုံစမ်း ထောက်လှမ်းစေခဲ့သည်။ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရန် စတန်လေသည် ၁၈၇၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အာဖရိကတိုက် အရှေ့ဖက်ကမ်းခြေရှိ ဇန်ဇီဗားနယ်မှ အာဖရိကတိုက် အတွင်းပိုင်းသို့ ချင်းနင်းဝင်ရောက်ခဲ့လေသည်။ လမ်းခရီးတွင် အခက်အခဲ ဒုက္ခအမျိုးမျိုးတို့ကို ကျော်လွန်ခဲ့ပြီးနောက် ၈ လအခန့်အကြာတွင် တန်ဂန်ယီးက အိုင်ကြီးပေါ်တွင် တည်ရှိသော အူးဂျီဂျီမြို့သို့ ဆိုက်ရောက်လေသည်။ ထိုမြို့၌ပင် အိုမင်းရင့်ယော်က မကျန်းမမာဖြစ်၍ ရိက္ခာ ပြတ်နေသော ဒေးဗစ်လစ်ဗင်းစတုန်းအား တွေ့ရ၏။ စတန်လေသည် ထိုမြို့၌ ၄လခန့်နေထိုင်ခဲ့၍ ဒေးဗစ်လင်းဗင်းစတုန်းအား များစွာ ချစ်ခင်ကြည်ညိုသည့်အလျောက် မိမိနှင့်အတူ နေရင်းဒေသသို့ ပြန်လိုက်ရန် ခေါ်သော်လည်းမရပေ။ စတန်လေသည် လစ်ဗင်းစတုန်းနှင့်အတူ တန်ဂန်ယီးကအိုင်ကြီးကို လှည့်ပတ်ကြည့်ရှုခဲ့ သည်။ ဒေးဗစ်လစ်ဗင်းစတုန်းအား တွေ့ပြီဟူသော စတန်လေ၏ ဆောင်းပါးကို ပထမ၌လူထုက မယုံကြည်သော်လည်း လစ်ဗင်းစတုန်း၏ မှတ်တမ်းများကို တင်ပြသောအခါကျမှ ယုံကြည်ကြသည်။ စတန်လေသည် ထိုစွန့်စားမှုအတွက် ဝိတိုရိယဘုရင်မကြီး၏ဆုချီးမြှင်းခြင်းကို ခံရသည်။