မော်တင်စေတီတော်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂ -
 
==သမိုင်းကြောင်း==
ဥက္ကလာပမြို့မှ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် လင်းလွန်းပင်ခြေရင်းတွင် သီတင်းသုံးနေသည့် မြတ်စွာဘုရာထံမှ ဆံတော်ရှစ်ဆူကို ရရှိခဲ့ကြသည်။ ကုန်သည်ညီနောင်တို့သည် ပြန်လာရာ လမ်းခုလပ်တွင် ဆံတော်နှစ်ဆူကို မော်တင်နဂါးရစ်ဝဲအငူတွင် နေသည့် နဂါးမင်းက ခိုးယူခဲ့သည်။
 
ထို့နောက် ဇယသေန နဂါးမင်းသည် ထိုဆံတော်တို့ကို ဌာပနာကာ ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် စေတီတာ်ကို တည်ထားကိုးကွယ်ခဲ့သည်။
 
မြတ်စွာဘုရားသည် ၈ ဝါမြောက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွလာခဲ့သောအခါ မော်တင်တောင်ထိပ်သို့ ရောက်၏။ ထို့နောက် နဂါးမင်းတည်ခဲ့သည့် စေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် မြတ်စွာဘုရားသည် စေတီတော်ကို လက်ယာရစ် ပတ်၏။ ဒုတိယအကြိမ် ကြွတော်မူလာသည့်အခါတွင်လည်း လက်ယာရစ် ကြွတော်မူ၏။
 
အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့လည်း မော်တင်အငူသို့ ရောက်ရှိကာ စေတီတော်ကို ပူဇော်ခဲ့ကြသည်ဟု ဆိုကြသည်။
 
==ပြုပြင်မွမ်းမံမှုများ==
 
==ကိုးကား==