အောင်လွင်: တည်းဖြတ်မှု မူကွဲများ

Cat-a-lot: Moving from Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ to [[Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆော...
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:180px-Aunglwin.png‎|right|thumb|ပဲခူး နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် အကူငွေ လက်ခံနေကြတဲ့ ကိုဇာဂနာ (ဝဲမှ ဒုတိယ) နှင့် ဦးအောင်လွင် (အလယ်၊ လွယ်အိတ် လွယ်ထားသူ) နှင့် အဖွဲ့။]]
 
'''ဦးအောင်လွင်''' အကယ်ဒမီရ ရုပ်ရှင် မင်းသားနှင့် ဒါရိုက်တာ တစ်ဦး ဖြစ်သည်။ ဦးအောင်လွင်သည် အောက်တိုဘာလ ၂၃ ရက် ၁၉၃၅ ခုနှစ်တွင်[[စစ်တွေမြို့]]၌ အဖ ဦးအောင်ကျော်ဇံ၊ အမိဒေါ်ကြွယ်တို့မှ မွေးဖွားခဲ့သည်။ [[ရန်ကုန်မြို့]] ဗိုလ်ချုပ်လမ်း၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကျခဲ့သည်။ ဟယ်ရီတန်အရေးအခင်း၌ ပါဝင်ခဲ့သည်။ ၁၉၅၄-၅၅ ခုနှစ်တွင် အမျိုးသားစီးမံကိန်းဌာန၊ စာရင်းအင်းဌာနခွဲတွင် အောက်တန်းစာရေး၊ ၁၉၅၅-၅၆ ခုနှစ်တွင် ရေနံချောင်းမြို့၊ ရေနံမြေစီမံကိန်းရုံးတွင် အထက်တန်းစာရေး၊ ၁၉၅၆ ခုနှစ်တွင် ဓာတ်သတ္တုရှာဖွေရေးနိုင်ငံခြားပညာသင်အဖြစ် ရွေးချယ်ခံရသော်လည်း ဟယ်ရီတန်အရေးအခင်း၌ ပါဝင်ခဲ့မှုကြောင့် ပယ်ခြင်းခံရသည်။