ခရစ္စမတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅ -
ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။
 
ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။ ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ [[ကက်သလစ်]] ခရစ်ယာန် ရဟန္တာတစ်ဦးြဖစ်သူရဟန္တာတစ်ဦးဖြစ်သူ [[စိန့်နီကိုးလပ်]]ဖြစ်သည်။ ဗြိတိန်နှင့် [[အမေရိကန်ပြည်ထောင်စု]]တွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ အပိုင်း ခ</ref>
 
== ကိုးကား ==