ငွေမြိုင်၊ မ၊ မြခြေချင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
==မြခြေချင်း မငွေမြိုင် (မြန်မာ ၁၂၅၆ - ၁၃၂၁)==
မြန်မာဇာတ်သဘင်လောက၏ နာမည်ကျော် ဇာတ်မင်းသမီး မြခြေချင်း မငွေမြိုင်ကို [[ရန်ကုန်မြို့]] ကြည့်မြင်တိုင် အိုးဘိုရပ်၌ ၁၂၅၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အဖ လူကြမ်းမင်းသား ဦးအောင်ဘ ၊ အမိ ဒေါ်ငြိမ်းဇံတို့မှ ဖွားမြင်သည်။ ငယ်မည် မငွေလှိုင် ဖြစ်၏။ မငွေလှိုင်နှင့်အတူ မွေးချင်း ၁ဝ ယောက်ရှိ၍ မိဖများမှာ ဆင်ဖြူကျွန်းဇာတိကုန်သည် မျိုးရိုးဖြစ်သည်။
 
 
စာကြောင်း ၁၀ -
အသက်၆၄ နှစ်အရွယ် ကွယ်လွန်သော်လည်း သားသမီး မထွန်းကားဘဲ မွေးစားသားနှင့် သမီး (မောင်မောင် နှင့် စိန်စိန်) ဟူ၍ရှိသည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာ စာအုပ်တွက် ဓာတ်ပုံတွေ့ရပါသည်။
 
မြခြေချင်း မငွေမြိုင်သီဆိုသည့် သီချင်းများကို ရန်ကုန်မှ အရှေ့ပိုင်းဆရာချစ်၊ ရုပ်သေးမင်းသား ဆရာကြည်၊ [[သခင်တင် (ဝိုင်အမ်ဘီ)|ဝိုင်အမ်ဘီ ဆရာတင်]] ဆရာတင်နှင့်နှင့် နန်းတော်ရှေ့ ဆရာတင်တို့က ရေးစပ်ပေးကြ၍ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများက အများစုဟန်ရှိသည်။ နန်းတော်ရှေ့ ဆရာတင် ရေးသားသည့် ရွှေကျီးညိုသီချင်းမှာ အလွန်နာမည်ကျော်၍ ဓာတ်ပြားသွင်းကာ ရောင်းမလောက်အောင်စွံပြီး တစ်နိုင်ငံလုံးပျံ့နှံ့ သီဆိုခဲ့ကြပါသည်။ အောင်ပင်လယ် သီချင်း၊ ဝိုင်အမ်ဘီရေးသည့် အာကာသဇိုးသီချင်း၊ နန်းတော်ရှေ့၏ စန္ဒကူးမြိုင်သီချင်းတို့မှာလည်း အလွန်ကျော်ကြားခဲ့ပါသည်။ မြခြေချင်း မငွေမြိုင်မှာ အသက် ၁၅ နှစ် ၁၆ နှစ်မှစ၍ မန္တလေးမြို့ ရှမ်းပွဲရပ်တွင် နေထိုင်ခဲ့သည်။ <ref>လူထုဒေါ်အမာ ရေးသားသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်</ref>
== ကိုးကား ==
<references/>