မဟီတလ အတုလျေတေဇ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၃ -
 
==နောက်ပိုင်းဘဝ==
ဟားဗတ်တက္ကသိုလ်သို့ ပြန်မသွားမီ ၁၉၂၅ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟိုက်ဒါဘတ်မြို့သို့ ကျောက်ကပ်ကုသရန် သွားရောက်ခဲ့သည်။ဤအကြိမ်တွင် ဆေးပညာကို သင်ကြားရန်ဖြစ်သည်။ထိုနှစ်တွင်ပင် ပထမဆုံးသားတော်ဖြစ်သော အာနန္ဒာ မဟိုင်ဒေါမဟီဒေါ(နောင်တွင်ရာမ၈ဘုရင်)ကိုမွေးဖွားခဲ့သည်။M.D cum laudeဘွဲ့ရပြီး ၆လအကြာတွင် သူ၏ အငယ်ဆုံးသားဖြစ်သော ဘူမိဘော (နောင်တွင် ရာမ၉ဘုရင်)ကို မက်ဆာချူးဆက်တွင် ဖွားမြင်ခဲ့သည်။၁၉၂၈ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။
 
ပြန်ရောက်ရောက်ချင်း ပထမဆုံးသူလုပ်ခဲ့သော အရာများတွင် ဆေးပညာ၊ သူနာပြုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာတော်သင်များ စေလွှတ်ခြင်းလည်း ပါဝင်ခဲ့သည်။ထို့နောက် ဆီရိရာဆေးရုံတွင် အလုပ်သင်လုပ်ကိုင်ရန် ပြင်ဆင်ခဲ့သည်။သို့သော် သူ၏ မင်းသားဂုဏ်ပုဒ်မှာ အဟန့်အတားဖြစ်နေသည်။ ထို့ကြောင့် အခြားဆေးရုံဖြစ်သော ချင်းမိုင်မြို့ရှိ မစ်ကောမစ်ဆေးရုံကို ရွေးချယ်ခဲ့သည်။ထိုဆေးရုံတွင် နေရောညပါ အလုပ်လုပ်ခဲ့သည်။သူ့ကို လူနာများက "Mho Chao Fa" ('ဆရာဝန်မင်းသား')ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။
စာကြောင်း ၄၉ -
[[File:Statue of Mahidol Adulyadej.JPG|thumb|200px|ဆီရိရာ ဆေးရုံမှ ရုပ်တု]]
 
မကြာမီတွင် သူ၏ ကျောက်ကပ်ပြဿနာများမှာ ပြန်ပေါ်လာခဲ့သည်။အလုပ်စလုပ်အပြီး ၃ပတ်အကြာတွင် သူသည် ဘန်ကောက်သို့ သူ၏ ဦးရီးတော် အသုဘသို့ တက်ရောက်ရန်ပြန်သွားခဲ့သည်။ဤသည်မှာ သူ့အနေဖြင့် ချင်းမိုင်မှ နောက်ဆုံးထွက်ခွာသွားခြင်းပင်ဖြစ်သည်။သူ့အနေဖြင့် အသည်းကပါ ထပ်မံဝေဒနာခံစားခဲ့ရသည်။သူ၏ ကျန်းမာရေးမှာ ဆက်တိုက် ဆိုးရွားလာခဲ့သည်။နောက်ဆုံးတွင် မင်းသား မဟိုင်ဒေါမဟီဒေါ အဒူလျာဒတ်မှာ ၁၉၂၉ခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် သူ၏ရည်ရွယ်ချက်များ မပြီးမြောက်မီ စပသမ်နန်းတော်တွင်
နတ်ရွာစံခဲ့ရသည်။
သူသည် ကွယ်လွန်ပြီးချိန်မှ ဥပရာဇာနှင့်ညီမျှသော Prince Father (Somdej Phra Mahittalathibet Adulyadejvikrom Phra Borommarajachanok – สมเด็จพระมหิตลาธิเบศ อดุลยเดชวิกรม พระบรมราชชนก) ဘွဲ့တော် ချီးမြှင့်ခံခဲ့ရသည်။