မြင့်သိန်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆ -
ကျွန်တော့် ဖခင်ကြီး Executive Engineer ဖြစ်စဉ်က လမ်းအရေးပိုင်ဟု အခေါ်ခံရ၏။ သို့သော် ပင်ရင်း အရေးပိုင်မှာ သူ၏ မိတ်ဆွေ Deputy Commissioner ဦးဖိန်း ဖြစ်၏။ ဦးဖိန်းသည် အလွန် အရပ်နိမ့်သော်လည်း သူ၏ အရည်အချင်းနှင့် ဝိရိယမှာ အလွန် မြင့်မား၏။ ၎င်း၏ သား လေးယောက်နှင့် သမီး သုံးယောက်မှာ ပညာထူးချွန်ပြီး မြန်မာပြည်တွင် အအောင်မြင်ဆုံး မောင်နှမများ ဖြစ်လာ၏။
 
သားကြီး ဩရသမှာ ပထမဆုံး မြန်မာ အိုင်စီအက်စ်၊ ပထမဆုံး ယူကေနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်လောင်း၊ ပထမဆုံး ဘဏ္ဍာရေး ဝန်ကြီး၊ တတိယမြောက် နိုင်ငံခြားရေး ဝန်ကြီး၊ ဒုတိယမြောက် နိုင်ငံရေး လုပ်ကြံခံရသူ ဦးတင်ထွဋ် ဖြစ်၏။ ဒုတိယသားမှာ စာသံ ပေသံ မပါဘဲ ဉာဏ်အကောင်းဆုံး တရားလွှတ်တော်ချုပ် တရားသူကြီး ဦးကျော်မြင့် ဖြစ်၏။ စတုတ္ထသားက ကလောင် နာမည်ဖြင့် စာရေးပြီး ဒီဂရီဘွဲ့များ ရရှိ၍ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခ၊ သီဟိုဠ်နိုင်ငံ ဆိုင်ရာ ပထမဆုံး သံအမတ်ကြီး ဖြစ်လာသူ ဒေါက်တာ ထင်အောင် ဖြစ်၏။ ၎င်းတို့ အားလုံးထက် အသက်ရှည်သူမှာ ၁၉ဝဝ ခုနှစ် မွေး၍ ၉၂ နှစ် အထိ အသက် မှတ်ရလွယ်သော တတိယသား ဦးမြင့်သိန်း ဖြစ်၏။ မိန်းကလေး သုံးဦး အနက် အကြီးဆုံး ဒေါ်မြမူမှာ မြန်မာစာ ပါမောက္ခ ဦးဧမောင်၏ ဇနီး ဖြစ်၍ အလတ် ဒေါ်ခင်စောမူမှာ[[ခင်စောမူ|ဒေါ်ခင်စောမူ]]မှာ အိုင်စီအက်စ် ဦးဘတင့်၏ ဇနီး ဖြစ်၏။ အငယ်ဆုံး ဒေါ်တင်စောမူမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖြစ်၏။
 
အထက်ပါ ညီအစ်ကို မောင်နှမ ခုနှစ်ယောက်သည် မြန်မာပြည်တွင် အစည်းလုံး အညီညွတ်ဆုံး ဆွေမျိုးစု ဖြစ်၍ ဘဝ အောင်မြင်ရေး အတွက် တယောက်နှင့် တယောက် ကူညီ ယိုင်းပင်းကြသည်ဟု မလိုသူ အချို့က ပြောကြ၏။ ထိုအချက် မှန်တောင်မှ၊ ပင်ကိုယ်ဉာဏ် ကောင်း၍ တိုးတက်လိုစိတ် ပြင်းထန်သော ဦးမြင့်သိန်း ကြောင်း အနည်းငယ် ရေးသား ဖော်ပြပါမည်။