အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇၁ -
 
===ဒုတိယအင်းဝ===
[[File:Inwa -- Second Outer Walls.JPG|thumb|အင်းဝမြို့ရိုးဟောင်း]]
ထို့နောက် [[ညောင်ရမ်းမင်းဆက်]]ကို တည်ထောင်သူ [[ညောင်ရမ်းမင်းတရားကြီး]]ကလည်း ၁၆၀၀ တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ [[အနောက်ဖက်လွန်မင်း]] လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျှောက်လုံးနီးပါးမျှ [[ဟံသာဝတီ]]တွင် နန်းစိုက်နေခဲ့ရသည်။ [[သာလွန်မင်း]] (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့်၎င်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် [[မဟာဓမ္မရာဇာဓိပတိ]](၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)
 
===တတိယအင်းဝ===