မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆ -
 
=== ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ ===
[[File:British attack in Burma 1824.png|thumb|223x223px|မြန်မာ့ သစ်လုံးခံတပ်များနှင့် ဗြိတိသျှတပ်တို့ ရန်ကုန်မြို့အနီး အပြင်းအထန်စစ်ဖြစ်ပွားနေပုံ (ဇူလိုင်လ ၁၈၂၄ ခုနှစ်)]]
မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (ခရစ်နှစ် ၁၈၂၄)၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး ဖြစ်ပွားရာ ဦးထော်လေးသည် စစ်မှုထမ်းခဲ့ရသည်။ ထို့နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ (၇၀၀) ကျော်ကို အုပ်ချုပ်ရသော စစ်ကဲဖြစ်လာသည်။
 
Line ၃၄ ⟶ ၃၅:
 
== မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ==
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]
အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် ၁၁၉၂ ခုနှစ်တွင် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။
စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို [[မဒရပ်ပြည်နယ်|မဒရပ်]] ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် မလေးကျွန်းစွယ် ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။
Line ၄၃ ⟶ ၄၅:
 
 
ကောဇာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် [[အင်းဝမြို့|အင်းဝ]]၌ [[သာယာဝတီမင်း]]နန်းတက်လာသည်။ သာယာဝတီမင်းသည် [[ရန္တပိုစာချုပ်|ရန္တပို]]စာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ ကောဇာသက္ကရာဇ် ၁၂၀၈ (ခရစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ၁၂၁၄ခရစ် [[၁၈၅၂]] ခုနှစ်တွင် ခုနှစ်တွင် [[ဒုတိယအင်္ဂလိပ်မြန်မာစစ်|ဒုတိယ အင်္ဂလိပ်-မြန်မာ]] စစ်ပွဲ ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် သက္ကရာဇ်ခရစ်သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် [[မုတ္တမမြို့]] ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။ စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ခရစ် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။ ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။
 
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ ကောဇာသက္ကရာဇ် ၁၂၁၄ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး စေတီပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ [[ဆူးလေစေတီတော်|ဆူးလေစေတီတော်ကြီး]]ကိုလည်း ပြင်ဆင်သည်။
 
== ဘဝနိဂုံး ==