မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

info box added
အရေးမကြီးNo edit summary
စာကြောင်း ၅ -
|birth_date =
|birth_place = မုတ္တမ၊ ပဒေသရာဇ်ခေတ် ဗမာပြည်
|death_date = {{Death date and age|1908|6|30|1822|2|3|df=y}}<ref name="autogenerated1" />
|death_place = ဒလ (တွံတေး) မြို့
| citizenship =
| occupation =
စာကြောင်း ၁၈ -
 
== ငယ်ဘဝ ==
[[File:Htaw Lay.jpg|thumb|စစ်ကဲ မောင်ထော်လေး ( ခရစ် ၁၇၇၄ - ၁၈၆၇ )]]
စစ်ကဲ မောင်ထော်လေးအား မြန်မာသက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ္တမတွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ [[မွန်လူမျိုး|မွန်မျိုး]]မှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ [[မော်လမြိုင်|မော်လမြိုင်မြို့]]နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ [[ဆင်ဖြူရှင်မင်း]]( မြန်မာ ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် ( ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း [[ဗညားဒလ]]သည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့လယ်ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း နေရာဌာန)တွင် ကွပ်မျက်လိုက်လေသည်။