မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎ငယ်ဘဝ
စာကြောင်း ၁၈ -
 
== ငယ်ဘဝ ==
စစ်ကဲ မောင်ထော်လေးအား မြန်မာသက္ကရာဇ်ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ္တမတွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ [[မွန်လူမျိုး|မွန်မျိုး]]မှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ [[မော်လမြိုင်|မော်လမြိုင်မြို့]]နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ [[ဆင်ဖြူရှင်မင်း]]( မြန်မာမြန်မာသက္ကရာဇ် ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် (မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း [[ဗညားဒလ]]သည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့လယ်ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း နေရာဌာန)တွင် ကွပ်မျက်လိုက်လေသည်။
 
== ဒလမြို့စား ==
စာကြောင်း ၄၅ -
ဦးထော်လေးသည် ယခင်ကအတိုင်းပင် ဒလမြို့ကို အပိုင်စား အုပ်ချုပ်နေရပြန်သည်။ သို့သော် တာရှည်မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သန်လျင်မြို့ဝန်မောင်စပ်သည် အင်္ဂလိပ်တို့က မြှောက်ပေးသဖြင့် မြန်မာဘုရင်ကို သောင်းကျန်းပုန်ကန်သည်။ ထိုအခါ မြန်မာဘုရင်သည် မွန်အမျိုးသားတို့အား အယုံအကြည်ကင်းမဲ့လာပြီးလျှင် စစ်ဆေးမေးမြန်းခြင်း ပြု၍ သင်္ကာမကင်း ဖြစ်လာလေတော့သည်။ သန်လျင်မြို့ဝန် မောင်စပ်ကလည်း ဦးထော်လေးအား သူနှင့် ပူးပေါင်း၍ ပုန်ကန်တော်လှန်ရန် ဖြားယောင်းသွေးဆောင်သေးသည်။ နောက်ဆုံး အမျိုးမျိုး စည်းရုံး၍ မရသောအခါ အမျက်သို၍ နေလေရာ ဦးထော်လေးသည် ရေကြောင်းခရီးဖြင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော မော်လမြိုင်ဘက်သို့ တိမ်းရှောင်သွားခဲ့ရလေသည်။ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ စစ်ကဲကြီး ဦးထော်လေး သူကိုယ်တိုင်ရေးသားသော ‘ရေစက်ချမှတ်တမ်း’ ၌ ၁၈၈၆ ခု၊ အကြိမ်တွင် သမ္ဘိန္နဝင်၊ မြန်ခွင်ပိုင်နင်း၊ ပြည်ရှင်မင်းနှင့် အင်္ဂလိပ်ဘုရင် အရှင်မင်းခေါင်၊ ပြည်ထောင်နှစ်ပါး၊ ရန်ကြီးပွား၍၊ အများစစ်ပြိုင်ကြရာ၊ စင်္ကြာဝန်ကြီးမင်း လက်အောက်တော်ဝယ်၊ ခုနှစ်ရာကျော် သူရဲကို မှူးကဲအုပ်ကွပ်လျက်၊ သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်းခဲ့၍၊ စစ်ခန်း ပြေငြိမ်းကြသည့်နောက်၊ ရှစ်ခုမြောက် သက္ကရာဇ်ဆီတွင်၊ သံလျှင်ရွှေမြို့ကို၊ ခွန်ပို့ပိုင်ချုပ်၊ ဝန်ပြုလုပ်သော၊ မင်းသမိန်ဘရူးသည်၊ ကျေးဇူးရှင် သစ္စာတော်ကို မထောက်၊ အရှင်ကို ပြန်ချောက်သော မျောက်သူငယ် အဟန်၊ ရန်စစ်တမူ၊ တော်လှန်မှုပြုသည်ကို၊ မခုခံသာ မဝင်သာသောကြောင့်၊ ငါးရာကျော်လှေသင်းနှင့်၊ နေရင်းမုတ်ကျွတ်းမှ၊ ဒရတွန်းထွက်ခွာသဖြင့်၊ မင်္ဂလမဏ္ဍိုင်၊ ကုန်သည်မျိုးဆိုင်ဖြစ်သော၊ မော်လမြိုင်မြို့ကြီးသို့ ရောက်၏။ စသည်ဖြင့် ရေးသား မှတ်တမ်းတင်၍ ထားခဲ့လေသည်။
 
အချို့သော ဆောင်းပါးရှင်တို့က စစ်ကဲမောင်ထော်လေးသည် သစ္စာဖောက်၍ အင်္ဂလိပ်လက်အောက် ရောက်နေသော တနင်္သာရီဒေသ မော်လမြိုင်သို့ ခိုဝင်သွားသည်ဟု ရေးသားကြသည်။ စင်စစ်အားဖြင့်မူ စစ်ကဲ ဦးထော်လေးသည် မောင်စပ်၏ ရန်ကြောင့်လည်းကောင်း၊ မြန်မာမင်း၏ အယုံအကြည်ကင်းမဲ့ခြင်းကို မခံရသင့်ပါလျက် ခံရသောကြောင့်လည်းကောင်း၊ အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် ဘေးကင်းရန် မော်လမြိုင်သို့ ရှောင်ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။ မော်လမြိုင်မြို့သည် အလောင်းမင်းတရား လက်ထက်က ကြီးကျယ်စည်ကားသောမြို့မဟုတ်ချေ။ တောရွာကလေးသာသာ ရှိသည်။ [[အလောင်းမင်းတရား|အလောင်းမင်းတရားကြီး]] ကိုယ်တိုင် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ မြန်မာသက္ကရာဇ် ၁၁၂၂ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ ဗမာ့တပ်မတော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ် [[မင်းခေါင်နော်ရထာ]]သည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်တည်ထောင်ခဲ့သည်။ အလောင်းမင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသော [[နောင်တော်ကြီးမင်း]]က မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ တစ်ဖန် အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပြီး ဦးထော်လေး၏ ဆရာ စကြာဝန်ကြီးအား မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်သည်။ တိုင်းပြည်မအေးချမ်းသဖြင့် ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်သည်။ တတိယ အကြိမ် ဦးထော်လေး ပြန်လည်ပြုပြင်သဖြင့် မော်လမြိုင်မြို့သည် ကြီးကျယ် စည်ကားလာခဲ့သည်။ ဦးထော်လေး အသက် ၅၂ နှစ် အရွယ်တွင် မော်လမြိုင်သို့ ရောက်လာ၏။ မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ်လောက်က စ၍ ပြုပြင်ရာ တစ်နှစ်အတွင်းတွင် မော်လမြိုင်သည် အိမ်ခြေတိုးတက် စည်ကားသိုက်မြိုက်လာ၏။
 
== မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ==
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]
အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။
စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို [[မဒရပ်ပြည်နယ်|မဒရပ်]] ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် မလေးကျွန်းစွယ် ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။
ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။
စာကြောင်း ၅၈ -
 
 
ကောဇာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် [[အင်းဝမြို့|အင်းဝ]]၌ [[သာယာဝတီမင်း]]နန်းတက်လာသည်။ သာယာဝတီမင်းသည် [[ရန္တပိုစာချုပ်|ရန္တပို]]စာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ ကောဇာသက္ကရာဇ် ၁၂၀၈ (ခရစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ခရစ် [[၁၈၅၂]] ခုနှစ်တွင် ခုနှစ်တွင် [[ဒုတိယအင်္ဂလိပ်မြန်မာစစ်|ဒုတိယ အင်္ဂလိပ်-မြန်မာ]] စစ်ပွဲ ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် [[မုတ္တမမြို့]] ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။ စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ခရစ် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။ ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။
 
ကောဇာသက္ကရာဇ်မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် [[အင်းဝမြို့|အင်းဝ]]၌ [[သာယာဝတီမင်း]]နန်းတက်လာသည်။ သာယာဝတီမင်းသည် [[ရန္တပိုစာချုပ်|ရန္တပို]]စာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ ကောဇာသက္ကရာဇ်မြန်မာသက္ကရာဇ် ၁၂၀၈ (ခရစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ခရစ် [[၁၈၅၂]] ခုနှစ်တွင် ခုနှစ်တွင် [[ဒုတိယအင်္ဂလိပ်မြန်မာစစ်|ဒုတိယ အင်္ဂလိပ်-မြန်မာ]] စစ်ပွဲ ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် [[မုတ္တမမြို့]] ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။ စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ခရစ် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။ ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ ကောဇာသက္ကရာဇ် ၁၂၁၄ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး စေတီပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ [[ဆူးလေစေတီတော်|ဆူးလေစေတီတော်ကြီး]]ကိုလည်း ပြင်ဆင်သည်။
 
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ ကောဇာသက္ကရာဇ်မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး စေတီပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ [[ဆူးလေစေတီတော်|ဆူးလေစေတီတော်ကြီး]]ကိုလည်း ပြင်ဆင်သည်။
 
== ဘဝနိဂုံး ==