မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ငယ်ဘဝ
အရေးမကြီး →‎ငယ်ဘဝ
စာကြောင်း ၁၈ -
 
== ငယ်ဘဝ ==
စစ်ကဲ မောင်ထော်လေးအား ခရစ်သက္ကရာဇ် ၁၇၇၄ ခုနှစ် တွင် မုတ္တမတွင်[[မုတ္တမမြို့|မုတ္တမ]]တွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ [[မွန်လူမျိုး|မွန်မျိုး]]မှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ [[မော်လမြိုင်|မော်လမြိုင်မြို့]]နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ [[ဆင်ဖြူရှင်မင်း]]( မြန်မာသက္ကရာဇ် ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် (မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း [[ဗညားဒလ]]သည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့တွင် ကွပ်မျက်လိုက်လေသည်။
 
== ဒလမြို့စား ==
မင်းမှုထမ်းများ ဖြစ်လာသော မောင်ထော်လေး၏ မိဘများသည် မြန်မာဘုရင် လက်အောက်တွင် အမှုထမ်းရွက်ခဲ့ရာ မောင်ထော်လေးသည် အသက် ၂၀ ကျော် အရွယ်တွင် [[ဗဒုံမင်း|ဘိုးတော်ဘုရား]]လက်ထက်၌ ဒလမြို့စား[[ဒလ|ဒလမြို့]]စား ဖြစ်လာသည်။ [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း)]] လက်ထက်တွင် မင်းကျော်သီဟ (ကျော်ထင်သီဟသူ) ဟူသော ဘွဲ့ကို သနားမြတ်ခံရသည်။ ထို့ပြင် ရန်ကုန်မြို့ဝန် ဦးအို၏ ယုံကြည်လေးစားခြင်းကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ် မောင်ထော်လေး၏ သူငယ်ချင်း သန်လျင် မြို့ဝန်ဖြစ်နေသူ သမိန်ဘရူးဘွဲ့ခံ မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်ကုန်သဘေငာ်များနှင့် တိတ်တဆိတ် ကူးလူး ဆက်ဆံခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိခြင်းကြောင့် ဒလမြို့စား မောင်ထော်လေးနှင့် သန်လျင်မြို့ဝန် မောင်စပ်တို့သည် မသင့်မတင် ကြချေ။ မောင်စပ်၏ ရန်ကြောင့် မောင်ထော်လေးသည် မိမိနှမအား ( နောင်အခါ စစ်ကဲကြီးဖြစ်လာမည့် ) မောင်ခိုင်ဆိုသူနှင့် လက်ဆက်စေခဲ့သည်။
 
ဦးထော်လေးသည် မိမိအုပ်ချုပ်ရသည့် နယ်မြေကို နိုင်နင်းအေးချမ်းစွာ အုပ်ချုပ်နိုင်သည်။ ထို့ကြောင့် [[ပထမ အင်္ဂလိပ် - မြန်မာစစ်|ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ]]မဖြစ်ခင်က [[အင်းဝမြို့|အင်းဝနေပြည်တော်]] ရွှေဖဝါးတော်အောက် အဖူးမြော် တက်ရောက်ကာ ဆုလာဘ်များစွာ ချီးမြှင့်သည်ကို ခံယူခဲ့ရသည်။ ထို့ပြင် ဦးထော်လေးသည် စာပေ ပရိယတ္တိ၌လည်း မွေ့လျော်၏။ ဒလတွင် ရှေး[[မွန်ဘာသာစကား|မွန်စာပေ]]များကို ရှာဖွေဖော်ထုတ်ပြီးနောက် ဝိနည်းပါဠိတော် ၅ ကျမ်း၊ အဘိဓမ္မာပါဠိတော် ၇ ကျမ်း၊ သုတ်တန်ပါဠိတော်ပေါင်း ၁၅၀ ကျော်တို့ကို ရှာဖွေစုဆောင်းကာ ငွေတစ်သောင်းကျော် အကုန်ခံ၍ ပေထက် အက်ခရာ တင်ခဲ့၏။
စာကြောင်း ၃၅ -
ရွှေတိဂုံကုန်းတော်မှ ခိုင်မာစွာ ခုခံနေစဉ် အင်္ဂလိပ်တပ်များသည် ဗိုလ်တထောင် ဓနိတောမှ တစ်ဆင့် ဂေါ်ရာကုန်း (ယခု ဓမ္မရက္ခတကုန်းမြေ)သို့ ကူးပြီးလျှင် ရွှေတိဂုံကုန်းတော်ကို အပြင်းအထန် တိုက်ခိုက်ကြရာ မြန်မာစစ်သည်တော်များစွာ ကျဆုံး၍ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ သို့သော် ဦးထော်လေးသည် တပ်များကို ပြန်လည်စုစည်းအုပ်ထိန်း၍ ယခုအာဇာနည်းကုန်း တည်ရှိရာ သွေးဆေးကန်ဘက်မှ ရပ်တည်ကာ အင်္ဂလိပ်တို့ကို ခုခံရပြန်သည်။
[[File:Scene upon the terrace of the Great Dagon Pagoda at Rangoon.jpg|thumb|ရွှေတိဂုံစေတီတော်ကြီး (ခရစ်နှစ် ၁၈၂၄ - ၁၈၂၆)]]
 
 
ထိုစဉ်နေပြည်တော်မှ သတိုးမဟာသေနာပတိဘွဲ့ခံ စကြာဝန်ကြီးအား ရန်ကုန်သို့ ဗိုလ်ချုပ်ခန့်၍ စေလွှတ်ခဲ့သဖြင့် ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး မဟာဗန္ဓုလ၏ တပ်များလည်း ဆင်း၍လာ၏။ အာဇာနည်ကုန်းရှိ မြန်မာစစ်သည်များ ထိခိုက်ရှနာသလောက် ဦးထော်လေးတို့၏ လက်ချက်ဖြင့် ရွှေတိဂုံကုန်းတနင်္ဂနွေထောင့်တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူးကြီး) တစ်ယောက်နှင့် မေဂျာ (ဗိုလ်မှူး) တစ်ယောက်တို့သည် ဗမာကျည်သင့်ကာ ကျဆုံးရသည်။ ယင်းတို့၏ အလောင်းများကို ဘုရားကုန်းတော်ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထားရာ အရိုးများကို ထုတ်ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်းသို့ ပြောင်းရွှေ့မြှုပ်နှံစေသည်။ အင်္ဂလိပ်တို့သည် ရွှေတိဂုံဘုရားကို အခိုင်အခံ့ပြု၍ မြန်မာတပ်များကို ပစ်ခတ်ရာ စကြာဝန်ကြီးနှင့် ဦးထော်လေးတို့တပ်များက ကမာရွတ်ဘက်သို့ ဆုတ်ခွာခဲ့ရပြန်သည်။ ( အင်္ဂလိပ်တို့ တူးဖော်ပြုလုပ်ခဲ့သော ခံမြေကတုတ်များ၊ အမြောက်တင်ခုံများနှင့် အမြောက်ပေါက်များကို ယခုတိုင် ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ထောင့်လေးထောင့်တွင် တွေ့မြင်နိုင်လေသည်။ )
Line ၅၀ ⟶ ၄၉:
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]
အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။
စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို [[မဒရပ်ပြည်နယ်|မဒရပ်]] ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် [[မလေး ကျွန်းဆွယ်|မလေးကျွန်းစွယ်]] ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။
ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။
ဦးထော်လေးအား မော်လမြိုင်တွင် အခြေတည်၍ နေထိုင်စဉ် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့ နောက်ပါ လူတစ်သောင်းဖြင့် ခိုဝင်လာသည်။ အင်္ဂလိပ်အစိုးရက မောင်စပ်အား တစ်လလျင် ၂၅၀ ကျပ်ပေးကာ အငြိမ်းစား နေစေသည်။ မောင်စပ်သည် မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်၌ ကွယ်လွန်သွားခဲ့လေသည်။